နိဒါန်း

1.2K 51 2
                                    

ဇာတ်လမ်းအကျဉ်းချုပ် -
အမြဲတမ်းအစစ်တွေကိုအမှတ်မထင်ကြိုက်မိသွားတတ်တဲ့gay ဖြစ်တဲ့လဲ့ဟန်တစ်ယောက်၊စိတ်ပျက်စရာကောင်းလောက်အောင်FAဘဝအနှစ်20ဖြတ်သန်းပြီးသကာလ၊ သက်ပြင်းရှည်ကြီးကိုချရင်းကောင်းကင်ကိုမော့ကြည့်မိကာဆုတောင်းတစ်ခုခြွေလိုက်မိလေတယ်_နှစ်ဦးသားစိတ်တူကိုယ်တူချစ်ကျွမ်းဝင်ရတဲ့hubbyတစ်ယောက်လောက်ရရင်ကောင်းမှာပဲလို့။

.......

ဒီတချိန်ထဲမှာပဲ kingdom of war လို့ခေါ်တဲ့virtual ဂိမ်းတစ်ခုကလည်း လက်ထပ်ကစားနည်းအသစ်တစ်ခုဖြစ်တဲ့ ဖူးစာကြိုးချင်းဆက်ကြမယ်(သို့) သတို့သမီးသတို့သားရှာမယ် ဆိုတဲ့အစီအစဉ်ကိုမိတ်ဆက်လိုက်တယ်။

........

လဲ့ဟန်_မိုက်လိုက်တာ ၊ ဒါငါ့အတွက်တမင်သက်သက်စီစဉ်ပေးထားတာကျနေတာပဲ

.......

အဲ့လိုတွေကြုံးဝါးထားတဲ့လဲ့ဟန်တယောက်တကယ်တမ်းသတို့သားရွေးတဲ့နေရာလည်းရောက်ရောအဆင်မျိုးစုံ၊စတိုင်မျိုးစုံနဲ့လန်းနေကြသောရှောင်ကောကောတွေကိုလည်းမြင်ရောမျက်နှာတစ်ခုလုံးထူပူပြီးရှက်သွေးဖြာကာရွေးချယ်ဖို့ကိုမဝံ့မရဲဖြစ်လို့နေတယ်

........

နောက်မှမတတ်သာတော့တဲ့အဆုံးသတို့သမီးရွေးချယ်တဲ့နေရာကိုပဲသွားပြီး ဝတ်စုံလေးကိုဝတ်၊ ခေါင်းဆောင်းနီလေးကိုဆောင်း၊ပြီးမှလိမ်လိမ်မာမာလေးနဲ့ထိုင်ကာရှရောက်ရှိလာမယ့်ဖူးစာဖက်semeရဲ့အလာ ကိုပဲစောင့်လို့နေတော့တယ်

........

ဒါပေမယ့်သူလုံးဝမထင်မှတ်ထားမိခဲ့တာကတော့သူဆီရောက်လာခဲ့သူကတကယ့်ကိုbossအဆင်ထဲကဖြစ်နေတယ်ဆိုတာကိုပဲ။

ယနေ့ခေတ်မြို့ပြအချစ်ဇာတ်လမ်း
အင်တာနက်အချစ်ဇာတ်လမ်း
HE (happy ending)
ဇာတ်ကောင်-လဲ့ဟန် ၊ ချီ ရွှမ်

ဇာတ်လမ်းမိတ်ဆက်။ ။
ကိုယ့်ဟာကိုယ်လိင်တူစိတ်ဝင်စားမှန်းသိတဲ့လဲ့ဟန်တစ်ယောက်နှစ်နဲ့ချီပြီးအချစ်ကိုတောင်းတနေခဲ့ပေမယ့်အမြဲတန်းအစစ်တွေကိုပဲကြိုက်ကြိုက်မိပြီးFAဘဝကမလွတ်မြောက်နိုင်ဖြစ်နေတော့တဲ့အဲလိုအချိန်မှာပဲတစ်နိုင်ငံလုံးနီးပါးရေပန်းစားနေတဲ့အင်တာနက်ဂိမ်းတခုကကစားနည်းအသစ်တခုဖြစ်တဲ့ဖူးစာဖက်ကိုရှာရအောင်ဆိုတာကိုမိတ်ဆက်လိုက်တယ်။နောက်ဆုံးမှာကိုယ့်ဟာကိုယ်ငြိမ်ငြိမ်လေးပဲစောင့်နေမယ်လို့စိတ်ပိုင်းဖြတ်လိုက်တဲ့လဲ့ဟန်တစ်ယောက်လိမ်လိမ်မာမာနဲ့အနီရောင်သတို့သမီးဝတ်စုံကိုဝတ် အနီရောင်ပဝါလေးကိုအုပ်၊သတ်မှတ်ထားတဲ့နေရာကိုသွားပြီး hubby ရဲ့အလာကိုစောင့်လို့နေတယ်။ဒါပေမယ့်ဘယ်သူမှမမျှော်လင့်ထားမိတာကတော့သူဆီကိုယောက်လာတဲ့သူက.......
ဒီဝတ္ထုသည်အင်တာနက်ဂိမ်းကိုအခြေခံပြီးရေးသားထားသောသာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့်မြေအောက်boy band တစ်ခုရဲ့(main vocal)အဓိကတေးဆိုတစ်ယောက်ရဲ့ရိုမန်တစ်ဆန်ဆန်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။လဲ့ဟန်ကအချစ်ကိုအရမ်းတောင်းတသူတစ်ယောက်၊ အဖြစ်အပျက်အမျိုးမျိုးကိုကြုံဆုံခဲ့ရသော်လည်းပင်ကိုစိတ်ထားလေးမပျက်အောင်ထိန်းသိမ်းထားနိုင်သူ ၊ ချီရွှမ်ကျတော့အချစ်ရေးကိုစိတ်မပါသေးပဲအလုပ်နှင့်ဝါသနာအပေါ်ပဲစိတ်ရောကိုယ်ပေါနှစ်မြှုပ်ထားသူတစ်ယောက်၊တစ်ရက်မှာသူ့ရဲ့နှလုံးသားကကောင်လေးတစ်ယောက်ကြောင့်ဂရက်ထသွားခဲ့မယ်ဆိုတာကိုသူလုံးဝမထင်မှတ်ထားခဲ့ဘူး။အဲလိုအဓိကဇာတ်ကောင်နှစ်ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုတွေတောင်ရယ်မောစရာကောင်းတဲ့၊ချစ်စရာကောင်းတဲ့အဖြစ်အပျက်တွေနှင့်ဆက်လက်လာမည်ကိုနောက်လာမည့်အပိုင်းတွေမှာစောင့်စားအားပေးကြပါလို့....

သူကျွန်တော့်ရဲ့အနီရောင်ခေါင်းဆောင်းလေးကိုလှန်လိုက်တယ်Where stories live. Discover now