Unicode
ဖူးယာ၏ ရိုက်ပုတ်လိုက်ခြင်းနှင့် ထပ်တူကျလွန်းစွာ အလှလေးမှာ သွေးများ ဗွက်ကနဲ အန်ချပစ်လိုက်သည်မို့လည်း...
''အဟွတ်...အဟွတ် ကိုယ်...''
"ချင်း ချင်းလန်...မင်း!...မင်းမှာ ဒဏ်ရာ ရှိနေသေးတာဘဲ။တောင်း...တောင်းပန်ပါတယ်။အရမ်းနာသွားတယ် မဟုတ်လားဟင်။သွေးတွေတောင် အန်နေပြီဆိုတော့ အခြေနေက အရမ်းဆိုးတဲ့ပုံဘဲ။ဟင့်...ကိုယ်...ကိုယ်...ဘယ်လိုလုပ်ရမလဲ?ကိုယ်ဘယ်လိုလုပ်ပေးရင် မင်းဒဏ်ရာပြန်ကောင်းသွားမှာများလဲ။အဟင့် တောင်းပန်ပါတယ် ကိုယ် ကိုယ်လေ...''
ဖူးယာက စကားတပြောပြောနှင့်ဘဲ ဝမ်းနည်းပက်လက်ကလေးလည်း ငိုကြွေးလာခဲ့ပြန်သည်မို့ ချင်းလန်ရင်းခမျာ ခြေမကိုင်မီ လက်မကိုင်မီဖြင့်သာ နှစ်သိမ့်ပေးနိုင်ရန်အတွက် အပျာသလဲလေး ကြိုးစားလိုက်ရတော့သည်။
"အိုက်ယိုး ဖူးယာရေ...ဖူးယာ...မငိုနဲ့...မငိုနဲ့တော့နော်။ဒီမှာ ကိုယ့်ကို ကြည့်ပါဦး ကိုယ်ဘာမှ မဖြစ်ဘူး...အခုနက ကိုယ်အမြင့်ကြီးက ပြုတ်ကြလာလို့လေ။အတွင်းဒဏ်ထိသွားရုံလောက်ဘဲ။မငိုပါနဲ့တော့နော် လိမ္မာတယ်...''
"အတွင်းဒဏ်!...အီး...သောက်ကျိုးနည်းလိုက်တာ...အီးအဟင့်...''
"ကောင်းပြီ...ကောင်းပြီ ဖူးယာ။ဒီလိုလုပ်ပေး!...ကိုယ့်ကို ဒီလိုလုပ်ပေးလေ နော်...''
ချင်းလန်ရင်း၏ စကားကြောင့်လည်း ဖူးယာခမျာ အရည်ရွဲနေသည့် မျက်ဝန်းလေးများက လက်လက်ထသွားလေရင်း
မျှော်လင့်တကြီး မျက်နှာပေးလေးနှင့်ဘဲ နားထောင်ပေးရန် ပြင်လိုက်မိသည်။''အိုး...ဘယ်လိုလဲ?''
ဤမျှ ချစ်ဖို့ကောင်းလွန်းအောင်အထိ တုံးအနေခဲ့သည့် လင်တော်မောင် ကောင်လေးကြောင့်လည်း အလှလေးမှာဖြင့် အမှန်တကယ်ကို မရယ်ဘဲ မနေနိုင်အောင်။ထို့ကြောင့်လည်း နှစ်သိမ့်ပေးလိုက်ရန်ဆိုသည်ထက်ကို သူမှာ ပိုပြီး စနောက်ပစ်လိုက်ရန်သာ ကြံရွယ်လိုက်မိပါတော့သည်။
"ကိုယ့်ကို အနမ်းတစ်ပွင့်လောက်သာ ပေးလိုက်...အဲ့လိုဆို ဒီဒဏ်ရာက သူ့အလိုလိုဘဲ ပျောက်သွားလိမ့်မယ်တဲ့လေ။အဟင်းခစ်ခစ်...''
ВЫ ЧИТАЕТЕ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Исторические романыCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...