ကောင်းကင်ကြီးမှာတိမ်တွေအလှဆင်ထားလို့လှလိုက်တာမှအရမ်းပဲ! ငှက်လေးတွေရဲ့သီကြူးသံတွေကလည်းညံလို့ ဒါပေမယ့်သူတို့ရင်ထဲမှာတော့ဝမ်းနည်းရိပ်တွေရှိနေကြတယ်! သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေကလည်းအဆင်မပြေမှုတစ်စုံတစ်ရာကိုခံစားနေရမှန်းသိပ်သိသာနေကြတာ။
လွန်ခဲ့တဲ့ငါးနှစ်ကဒီနေရာမှာပဲသူတို့နှစ်ယောက်တစ်ယောက်လက်တစ်ယောက်တွဲပြီးအတူတူရယ်မောခဲ့ကြတာ။ဒီအဆောက်အဦးထဲကပဲထွက်လာတာခြင်းအတူတူလွန်ခဲ့တဲ့ငါးနှစ်ကတော့ထိမ်းမြားလက်ထပ်ခြင်းဆိုတဲ့ခေါင်းစဥ်အောက်ကဖြစ်ပြီးတော့အခုလက်ရှိမှာတော့ကွာရှင်းပြတ်စဲခြင်းဆိုတဲ့ခေါင်းစဥ်အောက်မှာသူတို့နှစ်ယောက်ရောက်ရှိနေကြတာ။ အရင်းနှီးဆုံးတွေဖြစ်ခဲ့ကြပေမယ့်အခုအချိန်မှာတစ်ယောက်ကိုတစ်ယောက်ပြုံးပြဖို့တောင်ဝန်လေးနေကြတယ်!သူတို့ကအခုသူစိမ်းတွေဖြစ်သွားပြီပဲ...."အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ကောင်းကောင်းနေပါ! goodbye....."
အရှေ့တည့်တည့်ကိုပဲကြည့်ပြီးပြောနေတဲ့သူ့ကို ဘတ်ဟျွန်းလှည့်ကြည့်လိုက်တယ်။အင်း..သူတစ်ယောက်တည်းလည်းအဆင်ပြေမှာပါ!
"အင်း...မင်းရောပဲ အစစအရာရာဂရုစိုက်! အကူအညီလိုရင်လည်းပြောပေါ့ ငါတို့ကအမုန်းတွေနဲ့ခွဲခွာကြတာမှမဟုတ်တာ "
နှစ်ယောက်ကြားကအနေခက်မှုကိုအနည်းငယ်လောက်လျော့စေချင်ရုံရည်ရွယ်ချက်နဲ့ဘတ်ဟျွန်းပြောလိုက်ပေမယ့် ခံစားချက်အမျိုးအမည်တစ်ခုပါဝင်နေတဲ့မျက်ဝန်းတစ်စုံရဲ့လှည့်အကြည့်ကိုခံလိုက်ရတာမို့အဲ့လိုပြောလိုက်ဖို့တဂယ်ရောလိုလို့လားဆိုတဲ့အတွေးတွေဘတ်ဟျွန်းခေါင်းထဲဝင်လာရော။
"အင်းပါ မင်းရောပဲ တစ်ခုခုဆိုအချိန်မရွေးအကူအညီတောင်းလို့ရတယ် ငါတို့ကမုန်းသွားလို့ကွာရှင်းကြတာမှမဟုတ်တာ မုန်းစရာကိစ္စလည်းနှစ်ယောက်လုံးမှာမရှိကြဘူးလေ "shit!ဘယ်လိုတောင်ပြောထွက်လိုက်တာလဲ park chanyeol? အခုတော့သူ့စကားကြောင့်ပဲနှစ်ယောက်ကြားမှာအနေခက်မှုကပြန်စလာပြီ! စိတ်ထဲကနေပဲအပြောအဆိုမတတ်တဲ့ချန်းယောလ်ကိုဆဲရေးလိုက်ပေမယ့်တဂယ်ပြန်စဥ်းစားကြည့်ရင်တော့သူပြောတာလည်းမှန်နေတာပဲလေ သူတို့နှစ်ယောက်ကဖောက်ပြန်လို့လည်းမဟုတ် ပြဿနာတစ်စုံတစ်ရာမရှိဘဲနဲ့ ဒီတိုင်းအချစ်တွေမရှိတော့တာ.....အချစ်မရှိတော့ပေမယ့်တစ်ယောက်နဲ့တစ်ယောက်မုန်းမနေကြပါဘူး! အလုပ်ကိစ္စတွေနဲ့ပဲလုံးပန်းနေရတဲ့သူတို့နှစ်ယောက်က 24 နာရီမှာ နာရီဝက်လောက်တောင်သေချာမျက်နှာချင်းမဆိုင်ဖူးဘူး!
အချိန်မပေးနိုင်တော့တဲ့သူတို့နှစ်ယောက်ကတစ်အိမ်ထဲတစ်အိပ်ရာထဲမှာအိပ်နေကြပေမယ့် အနေဝေးနေကြတာ။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကအခုလိုကွာရှင်းဖြစ်ခဲ့ကြတာပေါ့။နှစ်ယောက်လုံးအတွက်အလုပ်ကိုပဲအာရုံစိုက်လုပ်နေတာမို့အချိန်မပေးနိုင်မယ့်အတူတူအခုလိုကွာရှင်းလိုက်တာအကောင်းဆုံးပဲလို့ဆုံးဖြတ်မိကြလို့သာသူတို့ကွာရှင်းဖြစ်ခဲ့ကြတာ။မမုန်းပါဘူး......ဘတ်ဟျွန်းဟာချန်းယောလ်ကိုနည်းနည်းလေးမှမမုန်းသလိုချန်းယောလ်ကလည်းဘတ်ဟျွန်းနည်းတူပါပဲ! ဒါပေမယ့်သူတို့နှစ်ယောက်ကဘယ်လိုမှရှေ့ဆက်လို့မဖြစ်တော့တဲ့ ဆုံစည်းဖို့မဖြစ်နိုင်တော့တဲ့မျဥ်းပြိုင်တစ်စင်းလိုပဲ။