" ဒယ်ဒီ... ကျွန်တော်ပြောစရာရှိလို့ "
ထိုအခါ ကျွန်းဆက်တီခုံတစ်ခု၌ ထိုင်ကာ သတင်းစာဖတ်
နေသော ဒယ်ဒီက ဖတ်လက်စ စာစောင်အားပိတ်ကာ
ခေါက်ချိုး ချိုးချလိုက်ပြီး စားပွဲခုံပေါ်တင်လိုက်ရင်း..." ဘာကိစ္စလဲ "
သူလက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း
ဒယ်ဒီ့ရှေ့ရောက်အောင်တိုးကာ..." ကျွန်တော့်ကို ကျွန်တော်ချစ်ရတဲ့သူနဲ့အတူနေခွင့်ပေး
ပါ "" ဘာ!!! "
ဟိန်းကာထွက်ပေါ်လာသည့် ဒယ်ဒီ့အသံကြောင့်ထင်
မာမီကပါ kitchen ဘက်မှ ထွက်လာသည်။ ဒေါသကြောင့်
ရှူးရှူးရှဲရှဲ ဖြစ်နေသည့် ဒယ်ဒီ့နား ဝင်ထိုင်လိုက်ပြီးနောက်" ဘာတွေဖြစ်နေကြပြန်တာလဲ ။ သားအဖတွေပဲကို
ဖြည်းဖြည်းအေးအေး ဖြေရှင်းကြလည်းဖြစ်ပါတယ် ။
အစ်ကို စိတ်လျှော့ဦး ။ တော်ကြာ သွေးတက်လာဦးမယ် "
မာမီက ထိုကဲ့သို့သော မိခင်မျိုး။ အမြဲလိုလို လေသံလေး
ဖြင့် တရားချတတ်ပြီး နူးညံ့အေးဆေးသူ။ သူနှင့်ဒယ်ဒီ
ကသာ ဤ ကျွန်းညို စံအိမ်ကြီး၌ ပူလောင်နေရသူများ
ပင်။" ငါ့ကိုစိတ်လျှော့ခိုင်းမနေနဲ့။ မင့်သား ပြောတဲ့စကားကို
လည်း နားထောင်ကြည့်လိုက်ဦး ။ ဘာတဲ့... သူချစ်ရတဲ့သူ
နဲ့ အတူနေခွင့်ပေးပါတဲ့။ ဒီမှာ ဝိုင်းသင်္ဂဟ ... မင်းကို
လူအများက ဝိုင်းဝန်းကြည်ညိုပြီး လေးစားရတဲ့သူဖြစ်စေ
ချင်လို့ ဒီနာမည်ပေးခဲ့တယ်။ ကြီးလာတော့ ဝိုင်းတော့ ဝိုင်းနေခဲ့တာပဲ။ ဒါပေမဲ့ ငါလိုချင်ခဲ့တဲ့ ကြည်ညိုလေးစား
တဲ့သူတွေမဟုတ်ပဲ မင်းဆီက မျှော်ကိုးပြီးတော့ ချူစား
ချင်ကြတဲ့ ယောကျ်ားပိုင်းလုံးတွေဖြစ်နေခဲ့တာ တစ်ခုပဲ။ငါ မင်းအကြောင်းတွေကြားပြီးကတည်းက မင်းကိုပြော
ခဲ့ပြီးသား... မင်းဘာသာ အပြင်မှာဘယ်လိုပဲ gay နေပါ
စေ... အချိန်တန်ရင်တော့ ငါတို့သဘောကျတဲ့မိန်းကလေး
နဲ့ပဲ လက်ထပ်ရမယ်ဆိုတဲ့အကြောင်း။ ဒါကိုမလိုက်နာ
နိုင်ရင်တော့ အိမ်ပေါ်ကဆင်း ... ငါတို့အသိုင်းအဝိုင်းထဲ
မျက်နှာပျက်ရအောင်မလုပ်နဲ့ "