Unicode
"ရှောင်ရဲ့..."
ထိုကောင်မလေးမှာ လှေကားအတက်အဆင်းကို ခေါင်းလေးမှီပြီး
တစ်ခုခုကိုအလေးအနက်တွေးနေသယောင် ။
သူ့ခေါ်သံကြားတော့ ပြန်မထူးပေမယ့် သူကြားသလို
ခေါင်းလေး မော့ပြီး ကြည့်လေသည်။"ဟိုလေ..ဘာတွေအဲ့သလောက်ထိ စဉ်းစားနေတာလဲ"
"ဒီလိုပါပဲ .. ဘာရယ်တော့ မဟုတ်ပါဘူး..."
ထို့နောက် အရှေ့တည့်တည့် ဗလာပြင်ကြီးကိုငေးရင်း
"တစ်နေ့တစ်နေ့က ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိဘူး.."
"ရှောင်ရဲ့ပျင်းနေရင် ခရီးတစ်ခုထွက်ရအောင်"
"ခရီးထွက်မယ်!"
ထိုကောင်မလေးမှာ မားဝမ်ယွမ်ကို အားကိုးသောမျက်လုံးလေးနှင့်ကြည့်လာသည်။
"အင်း..ဟုတ်တယ်လေ ခရီးထွက်ကြမယ်လေ ကျီဟန်ကောတို့ရော ခေါ်သွားပြီး အတူသွားမှာလဲ"
"အဲ့အရှုပ်ထုတ်တွေကို ဘာလို့ခေါ်မှာလဲ ပြီးတော့ ဟိုနှစ်ယောက်က ပူးကပ်နေတာ ဘယ်လောက်စိတ်ညစ်ဖို့ကောင်းလဲ"
"ရှောင်ရဲ့ အစ်ကိုတွေကို အဲ့သလိုမပြောရဘူးလေ..ကျွင်းကောတို့က လူကောင်းတွေပါ.."
"ဟုတ်ပါပြီ ဟုတ်ပါပြီ Maကလူတိုင်းကို လူကောင်းလို့ထင်နေတာပဲ"
"ဘယ်သူကရော ဆိုးချင်မှာမို့လို့လဲ လူတိုင်းမှာဆိုးရတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်လေ.."
"အင်းး..ဟုတ်သားပဲ"
"ရှောင်ရဲ့ ..ခရီးထွက်တယ်ဆိုမှတော့ လူသိုက်သိုက်ဝန်းဝန်းနဲ့မှပျော်စရာကောင်းမှာပေါ့ တစ်ယောက်ထဲသွားချင်လို့လား"
"အင်း အဲ့သလိုကြီးကျတော့လည်း မကောင်းဘူး ထင်တာပဲ"
"...."
"မထူးပါဘူး ခေါ်သွားတာပေါ့ ..သူတို့က လိုက်အုံးမှ ..."
"....."
"လာ..သွားရအောင်"
"ဘယ်ကိုလဲ"
"သူတို့ကိုသွားပြောမယ်လေ"..
VOCÊ ESTÁ LENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...