[U]

4K 450 41
                                    

ဒီလမ်းကနေ သူပြန်လာမယ်ဆိုတာ သိတယ်။ ညနေတိုင်းမှာ ကျွန်တော်သူ့ကို စောင့်တယ်။ ခြေလှမ်းမှန်မှန်နဲ့ လမ်းလျှောက်တတ်တဲ့သူက ခြံပေါက်ဝက ကျွန်တော့်ကို မြင်တာနဲ့ ပြုံးပြီး ပြေးလာတာကို မြင်ရတာ ဘဝရဲ့ အကောင်းဆုံးအစိတ်အပိုင်းပဲ။ နောက်ကျတတ်တဲ့ တစ်နေ့တစ်လေမှာတော့ သူ့ဆီကို ကျွန်တော်လိုက်သွားလိုက်တယ်။ အပြန်လမ်းမှာ သူရယ် ကျွန်တော်ရယ်....ကျွန်တော်က သူ့လက်ဆွဲအိတ်လေး ဆွဲကူလို့ တစ်နေ့တာ ဖြစ်ခဲ့သမျှတွေကို စီကာပတ်ကုံး ပြောပြတဲ့အခါ သူက မျက်လုံးတွေ မှေးစင်းနေအောင် ရယ်မောတတ်ပါတယ်။

~~

ရှောင်းကျန့်က သူ့အပေါ်ထပ် အင်္ကျီကို ချွတ်လို့ အိမ်ရှေ့ခန်းကြမ်းခင်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။

"ဒီနေ့ လူနာတွေ သိပ်များတာပဲ။ ကိုယ်က နောက်ကျမှာတောင် စိုးနေတာ။ တော်သေးတယ်။ တော်ရုံဖျားတဲ့ သူတွေပဲမို့လို့။"

သူ စကားပြောတာကို မီးဖိုခန်းထဲ ပန်းကန်လုံးတွေ ဇွန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကောင်လေးက ကြားပုံမပေါ်​။ ညစာထမင်းပွဲတစ်ခု အမြန်ပြင်ပြီးဖို့သာ တာဆူလို့နေတယ်။

"မိုးတွင်းရောက်လာလို့ နေမယ်။ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးတွေလေ။ မင်းလည်း အအေးမမိစေနဲ့နော်...ရိပေါ်"

"အင်း...."

နာမည်ကို အသံပင့်အော်လိုက်မှ ကြားသွားပုံရတယ်။ အလုပ်ရှုပ်နေလို့ မဖြေအားတဲ့ လေသံလေးနဲ့ အင်း...ဆိုတဲ့ သံရှည်လေး ထွက်လာတယ်။ ဒါပြီး မကြာပါဘူး။ Apron အပြာရောင်လေးဝတ်ပြီး ထမင်းစားပွဲပုလေးကို သယ်လာတဲ့ ကောင်လေးကြောင့် ရှောင်းကျန့်က တစ်နေ့တာ အမောတွေ ပြေသွားရတယ်။

ဒီလမ်းကနေ သူပြန်လာမယ်ဆိုတာ သိတယ် [Completed]Where stories live. Discover now