(2)

93 10 0
                                    

ကျတော် ကြောက်တယ် မင်းကြီးကို

မနက်ဖြန်ရောက်လာမယ်တဲ့

အခုပဲ ရောက်လာတော့မယ်

အား..ဒုက္ခပါပဲ ငါထွက်ပြေးလို့မဖြစ်ဘူး..

မင်းကြီး ငါ့ကိုသတ်မလို့လား...

အတွေးပေါင်းများစွာဖြင့် ထယ်ယောင်း...

အထုတ်လည်းထုတ်ခိုင်းထားတယ်....

ဘာလုပ်မလို့လဲ....ကြောက်တယ်....

ကျောင်းကိုသာဆက်သွားနေတယ်...အထုပ်တွေနဲ့...

နည်းနည်းပါးပါးပါပဲ....

ကျောင်းကိုရောက်ပြီ....ကျတော့အခန်းထဲကိုဝင်လိုက်ပြီ....

အထုပ်တွေကိုတော့ ဆရာမရုံးခန်းထဲမှာထားလိုက်တယ်...

"ဒီနေ့ Trပြောစရာရှိတယ်...ကိုယ့်နေရာကိုယ်နေကြ"

ကျောင်းသားတွေလည်း သူ့နေရာသူနေကြလေသည်...

"အခု ထယ်ယောင်းက ကျောင်းပြောင်းတော့မှာ တော်ဝင်မျိုးနွယ်နဲ့CEOသားသမီးတွေတက်တဲ့ကျောင်းကိုပြောင်းရလိမ့်မယ်"

ကျောင်းသားတွေလည်း အံသြသွားကြတယ်...

တချို့က တီးတိုးပြောနေကြတယ်...

"ဒီနေ့လာမယ်တဲ့ ဒါကြောင့်ထယ်ယောင်းကိုနှုတ်ဆက်လိုက်ကြအုံး Trပြန်လာမယ်"

ဆရာမထွက်သွားပြီးနောက်ပိုင်း ကျတော့ကို ကျောင်းသားတွေရောကျောင်းသူတွေကော စိုက်ကြည့်လာကြတယ်...

ကျတော်ကြောက်တယ်...

"နင် အရမ်းကံကောင်းတာပဲနော်"

"အင်း...မင်းအဆင့်နဲ့ တော်ဝင်မျိုးနွယ်စုတို့တက်တဲ့ ကျောင်းမှာ ကြာကြာခံနိုင်ပါ့မလားမသိ"

တချို့ကလှောင်ကြတယ် တချို့ကအားပေးစကားပြောကြတယ်

လူ့ဘဝထဲရောက်မှ အဲလိုစကားတွေခံနိုင်ရည်ရှိမှ ရှင်သန်နိုင်တာပဲ...

လာပြန်ပြီ တခြားအခန်းက ကျတော့ကိုအနိုင်ကျင့်ကြတဲ့ ကျောင်းသားတွေ ကျောင်းသူတွေ

သူတို့ဘာဖြစ်လို့စုပြီး လာတာပါလိမ့်...သိပြီ အနိုင်ကျင့်အုံးမှာပဲ

ဆောင်းလေပြည်သည်ပျော်ရွင်မှုပေး၏Where stories live. Discover now