အပိုင်း (၆)
တောင်ပေါ်ကမြူခိုးတွေကြားထဲမှာ မြင်ကွင်းက ဝိုးတဝါးဖြစ်လို့နေ၏၊ သို့သော် ဟွားကျူ့ယွီရဲ့စိတ်နှလုံးသားတစ်စုံကတော့ ရုတ်တရက် တောက်ပတဲ့ကြေးမုံမှန်တစ်ချပ်လို ကြည်လင်တောက်ပနေတော့သည်။
ဒါက သေချာပေါက် ပူးပေါင်းကြံစည်သတ်ဖြတ်မှုပဲ။
တောင်ပိုင်းမြို့တော်နဲ့ မြောက်ပိုင်းမြို့တော်တို့ရဲ့ပတ်သက်မှုအခြေအနေက သင့်မြတ်လွန်းလှတာတော့ မဟုတ်ဘူး။ အနောက်ပိုင်းနယ်မြေ (ရှီးကျန်း)ကို အနိုင်ယူစိုးမိုးပြီးတဲ့နောက် ဘုရင်မင်းမြတ်ဟာ မြောက်ပိုင်းမြို့တော်ကိုပါ အပိုင်သိမ်းဖို့ကြံစည်ထားပြီးသားဖြစ်ရမယ်။ မမျှော်လင့်စွာနဲ့ မြောက်ပိုင်းမြို့တော်ဟာ မြို့တော်နှစ်ခုကြားက ငြိမ်းချမ်းရေးကိုတည်တံ့ခိုင်မာစေဖို့ မဟာမိတ်ဖွဲ့ထိမ်းမြားခြင်းကို ကမ်းလှမ်းလာလေတော့ ဘုရင်မင်းမြတ်ရဲ့ ရည်ရွယ်ချက်ကိုဟန့်တားပြီးသားဖြစ်သွားလိမ့်မယ်။
သာမာန်ပြည်သူလူထုဟာလည်း အေးချမ်းစွာ နေထိုင်နေကြတာအတော်ကြာပြီ၊ အကယ်၍ စစ်ပွဲတိုက်ဖို့ အကြောင်းပြချက်မရှိဘဲ ဘုရင်မင်းမြတ်က စစ်ပွဲစဖို့အတင်းတိုက်တွန်းနေခဲ့လျှင် ပြည်သူလူထုရဲ့ထောက်ခံမှုကို သူ ဆုံးရှုံးသွားပေလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ သူမသာ တောင်ပိုင်းနယ်စပ်ကနေ ထွက်ထွက်ချင်း လုပ်ကြံခံရမယ်ဆိုရင် ကြီးမားတဲ့ရုန်းရင်းဆန်ခတ်မှုကြီးတစ်ခု ဖြစ်ပေါ်သွားမှာ အသေအချာပဲ။ တောင်ပိုင်းမြို့တော်က မြောက်ပိုင်းမြို့တော်ကို လက်ညှိုးထိုးစွပ်စွဲမှာက မလွဲဧကန်ပဲ။ အဲ့အချိန်ရောက်ရင် မြောက်ပိုင်းမြို့တော်နဲ့ စစ်ပွဲဖြစ်ပွားဖို့အတွက် စစ်သည်တော်တွေစေလွှတ်ခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်လာလိမ့်မယ်။
သူမကတော့ လက်ထပ်ဖို့အစားထိုးခံလိုက်ရတာမဟုတ်ဘဲ သေဖို့အတွက် အစားထိုးခံလိုက်ရတာပဲ။
အစပိုင်းတုန်းကတော့ မြောက်ပိုင်းမြို့တော်ရဲ့သံတမန် ရွေးချယ်ထားတဲ့သတို့သမီးက ဝိန်ဝမ်းပဲဖြစ်သည်၊ နောက်တော့ တစ်စုံတစ်ယောက်က ဘုရင်မင်းမြတ်ရဲ့အကြံအစည်ကိုသိပြီး ဝိန်ဝမ်းကိုသေဖို့ မလွှတ်လိုက်ချင်တာနဲ့… ထိုအတွက်ကြောင့် သူမ…ဟွားကျူ့ယွီက အသေခံလူသားတစ်ယောက်ဖြစ်လာခဲ့တော့သည်။

YOU ARE READING
Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံး
Historical FictionFeng Yin Tian Xia (ပုန်းလျှိုးနေသောဖီးနစ်မင်းသား) Author - 月出云 မြန်မာဘာသာပြန် - My Novel Dramaအနေနဲ့ဆိုရင် Love under the floral rainနာမည်နှင့် Sebrina Chenနဲ့ Leon Leongတို့ အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးနေပါတယ် အပတ်စဉ် တနင်္ဂလာနှင့် သောကြာနေ့တိုင်း...