(Unicode)ခင်ဗျားတို့သိလား..ကျနော်လို စောက်ချောကြီးတောင်.ယောင်္ကျားရတော့မယ် .။ရှိလား? ရှိလား?
မနက်အိပ်ယာထတိုင်း morning kiss ပေးပီးနှိုးပေးတဲ့သူ.. မရှိဘူးပါဘူး..မလိမ်ချင်စမ်းပါနဲ့။"မား!!!! ပါး!!!! မပီးသေးဘူးလား.. "
"လာပါပီကွာ! ဘာဖြစ်နေလဲ ! .."
ဘဲကြီးကတော့.ရှိုးစမိုးအပြည့် ၉နာရီအရောက်သွားဖို့ကိုမနက် ၅နာရီထဲက စပီးပြင်ဆင်ထားတာဆိုတော့.. စွရမ်းမိုက်သည်ပေါ့ ။
" သွားမယ်လေ ..လာ မား သွားမယ်?!!"
ရှောင်ပါး ပြေးသာကန်လိုက်ချင်တယ်.. မယူရသေးတဲ့ လင်အတွက် နဲ့ ငါတို့ကို နွားမောင်းသလိုမောင်းနေတာ!
" ရှောင်ကျန့်!!!!! ငြိမ်ငြိမ်လေးနေ... မင်းပြော
ထိုင်နေမလား! ထိုင်နေမလား? "" ဟမ်!? သွားမယ် "
" မင်းကို ထိုင်နေမလား? ထိုင်နေမလား မေးတာ!
သွားမယ် လို့ပြောရင် မင်း ရဲ့ ဒီညကို ငါ နှောင့်ယှက်မှာ နော်..ဟွင်းဟွင်း!! "ရှောင်ပါးပဲလေ သားထက် ဉာဏ်နီဉာဏ်နက်မများရင်..
အဖေမလုပ်ဘူး! သားရဲ့ အညှာကို
ကောင်းကောင်းကိုင်.တတ်တာပေါ့!!! မင်းတော့မလွယ်ဘူးဟေ့!အဖေ့ထက်သားတစ်လကြီးဆိုတာကြားဖူးလားပါး? ရှောင်ကျန့်မှန်ရင် ပါးကို မကြောက်ဘူးတဲ့..။
ဒါမဲ့. တကယ်လုပ်မဲ့ ပုံကြီး ဝွန်းးး။ရိုသေဖူးသည်ရှိအောင်.. ရိုသေလိုက်ရင် အနည်းတော့ CEOနေရာရမှာပဲ.။" ပါးကလဲ..သားသိပါတယ်. ပါးတို့ ပီးအောင်သာပြင်. အေးဆေး9နာရီရောက်ရင် ရပီ "
မျက်နှာချိုသွေးကာ ချီတက်ရတော့မယ့် ယွခမအိမ်တော်ကို သွားချင်နေပီရယ်။
မနက်က အစောကြီး ထထားပေမဲ့ ညဘက်ဆို..အဟမ်း! တော်ရုံနဲ့ မအိပ်တတ်တော့. ပါးသားအတွက် ဘာမှ ပူစရာမလိုဘူး ။<><><>
" ရိပေါ်ရေ!!! မင်းထိုင်နေပါလား? ! တံခါးဝ ကြီးမှာ ဘာလုပ်နေတာလဲဟာ! "
" မားကလဲ ~ ကောကို စောင့်နေတာလေ "
ဆပ်ပြာသည် လင်ပျောက်တာထက်ဆိုးနေပီဟာ!
ငါက ဈေးကိုင်ချင်ပါသေးတယ်ဆိုမှ ! ဝမ်ရိပေါ်ရေ ..ထိန်းမရတော့ဘူးလားဟ!
YOU ARE READING
ပေါက်ဆီလုံးလေးရဲ့ပိုင်ရှင်ဘဲညိုကြီး 😁❤️💚 [ Completed ]
Romanceဝမ်အသဲအသက်လေးအတွက်ဆို ရှောင်ကျန့်ဆိုတဲ့ ဘဲညိုကြီးက ဘယ်လို စောင်းစောင်းရပါတယ်... မင်းတို့က ဘဲညိုကြီးဆိုတဲ့ နာမည်ကို အလကားပေးထားတယ် ထင်နေတာလား? // ဒါလေး ဖတ်ပြီး ပျော် ရွှင်မှု တွေကူးစက်တာနဲ့ ကျေးဇူးတင်ပါတယ် //