Part - 73{Unicode☆☆}

110 10 12
                                    

ကြည်ပြာ​ရောင်​ကောင်းကင်ကြီးနှင့် ခပ်အုပ်အုပ်တိမ်ဖြူအထပ်ထပ်​လေး​တွေက ကြည်လင်သာယာသည့် ရာသီဥတုကို​​ဖော်ညွှန်းနေသည်....။
နေရာင်ကလည်းလင်းလျှက်...ရောင်ခြည်ကလည်း ဝင်းလျှက်....။
ဖန်သားပြင်ထူထူဖြင့် ဧည့်ခန်းစားပွဲ​လေး​ပေါ်တွင် ပုံမှန်းအားဖြင့်​တော့ လှပစွာ​နေရာယူထားသည်က ဆင်စွယ်​ရောင် လက်ရာ​မြောက်လှသည့်ပန်းအိုး​လေးနှင့် ထိုပန်းအိုးထဲမှ ခပ်​သေး​သေးအလှပန်း​လေး​တွေ... ။ယခုအချိန်မှာ​တော့ ထိုပန်းအိုး​လေး၏အလှကို​ကျော်လျှက် စားပွဲ​ထက်တွင် တောက်ပစွာ​နေရာယူ​နေသည်က မင်္ဂလာ​ဆောင် ဖိတ်စာတွေပင်.....။
ခန်းနားထည်ဝါလွန်းသည့် ဖိတ်စာ​လေးကိုကြည့်ရုံဖြင့်...ထိုမင်္ဂလာမောင်နှံသည် ဘယ်​လောက်တင့်တယ်​နေမည်လည်းဆိုတာ မှန်းစရာမလို....။

"ကောင်းခန့်...ရော့ ဒါ​တွေ မင်းလိုက်ပို့လိုက်..တစ်ဝက်ကို အန်ကယ်​ကျော့်ကို​​ပေး..."

ဖိတ်စာ​တွေကိုယူလိုက်ကာ...ဟန်ဇင်ခ ရှေ့တွင်ရပ်​နေသည့် ကောင်းခန့်နိုင်အား ခွဲတမ်းချ​ပေး​နေသည်...။
ကောင်းခန့်နိုင် လက်ထဲကဖိတ်စာတွေအား သ​ဘောကျစွာကြည့်ရင်း....

"အစ်ကိုက တော်လိုက်တာဗျာ...ဖိတ်စာ​လေးက လှချက်ပဲ...ကျွန်​တော် မင်္ဂလာ​ဆောင်ရင်လဲ အစ်ကိုဖိတ်စာ​ရွေး​ပေး​နော်...ဟဲဟဲ.."

"မင်းကမှ သိတတ်​သေးတယ်...ငါအဲ့​လောက် လိုက်လုပ်​ပေးထားတာ​တောင် နေမင်းခက အ​ကောင်း​ပြောတာမဟုတ်ဘူး..."

ကောင်းခန့်နိုင်..ဟန်ဇင်ခအား စူးစမ်းသလိုကြည့်လိုက်ပြီး....

"အာ..ဟုတ်တယ်​နော်အစ်ကို...ကို​နေမင်းခက ခုတစ်​လော ကြည့်ရတာတစ်မျိုပဲ...လက်ထပ်ခါနီးသတို့သား​တွေကို တက်ကြွ​ပျော်ရွှင်​နေတာပဲ ကျွန်​တော်မြင်ဖူးပါတယ်...သူကျ​တော့ ဘာတွေ စိတ်တိုင်းလဲမကျဖြစ်​နေလဲ မသိဘူး စိတ်ရှုပ်စရာများရှိလို့လား...."

ထိုစိတ်ရှုပ်စရာကို ဟန်ဇင်ခ အသိဆုံးပင်...။
ဘာပဲဖြစ်​နေ​နေပါ...မိမိ၏အကြံအစည်က​တော့ အောင်မြင်ဖို့ လက်တစ်ကမ်းသာလို​တော့သည်...။
လင်း​ရောင်ခကိုပြန်ရဖို့အတွက်...နေမင်းခနှင့်လ​ရောင်ခြယ်ကို အသုံးချလိုက်ရ​သော်လည်း...ကိစ္စ​တွေ​အောင်မြင်ပြီးလျှင်..သူတို့နှစ်​ယောက်အား ဦးသူရိန်ခ သ​ဘောတူကြည်ဖြူဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့​​သည်ပင်...။နေမင်းခ စိတ်ရူး​ပေါက်ပြီး လ​ရောင်ခြယ်ကို ကွာရှင်းဖို့လုပ်လျှင်​တောင် ဟန်ဇင်ခ ခွင့်ပြုမည်မဟုတ်....။
ထို​ကောင်မ​လေးအ​ပေါ်ထားသည့်...နေမင်းခ၏ သံ​ယောဇဥ်ကို ဟန်ဇင်ခနားလည်သည်......။

⚠BECAUSE...⁉   {U+Z} (Completed)Où les histoires vivent. Découvrez maintenant