Episode 15

3.1K 186 28
                                    

"ဆရာ ကျွန်တော် အလုပ်ဝင်ရတော့မယ်တဲ့"

"ဟုတ်လား Dr ဝမ်းသာစရာကြီးပဲ ဘယ်မှာ တာဝန်ကျတာလဲ Dr "

ဆေးရုံအုပ်ကြီးက စာရေးနေရာမှ မျက်မှန်ပင့်ရင်း ဝမ်းသာအားရ မေးသည်။

" မန္တလေး ဆေးရုံကြီးမှာပဲ တာဝန်ကျပါတယ် ဆရာ"

"ဒါဆို  Dr  ဘယ်တော့ အလုပ်နားတော့မှာလဲ"

"အမှန်တိုင်း ဝန်ခံရရင်တော့ ဒီနေ့နောက်ဆုံး တက်ချင်တာဆရာ ဖြစ်လောက်ပါ့မလား မသိဘူး"

ဆေးရုံအုပ်ကြီးက ပြုံးစစနှင့် မေးလိုက်သည်။

"ဘာလဲ Drတော့ မန္တလေးမှာရှိတဲ့ သံယောဇဉ်တွေ လွမ်းလှပြီထင်တယ်"

ဆေးရုံအုပ်ကြီး အမေးကို ချက်ချင်းမဖြေနိုင်ဘဲ ခေါင်းကိုသာ ပွတ်ရင်း ရယ်မိနေသည်။

"ဟုတ်ပါပြီ Dr  အဆင်ပြေပါတယ် ဒီနေ့ဆင်းပြီး နားလိုက်ပါတော့ မနက်ဖြန်ကျရင်တော့ Drအတွက် နှုတ်ဆက်ပွဲလေး လုပ်ရအောင် ညပိုင်း ဆက်သွယ်လိုက်မယ်နော်"

"အာ ဆရာရယ် အားနာစရာကြီး မလိုပါဘူးရှင်"

"မငြင်းပါနဲ့ Drရယ် ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်"

"ဟုတ်ကဲ့ဆရာ ကျေးဇူးပါ"

တစ်နေ့တာလုံး‌ကတော့ ဌာနပေါင်းစုံက ဝန်ထမ်းတွေရဲ့ ဂုဏ်ပြုသံ နှုတ်ဆက်သံများနှင့် တစ်ဆေးရုံလုံး ညံနေသည်။ တစ်နေရာမှာ တိတ်တိတ်လေး ဝမ်းနည်းနေတဲ့ ကောင်မလေးကိုတော့ မည်သူမျှ သတိထားမိမည် မဟုတ်.....

Dr မျက်သွယ်ဦးရဲ့ Farewell party ကတော့ နီးစပ်ရာ စားသောက်ဆိုင် တစ်ခုတွင် ဆေးရုံအုပ်ကိုယ်တိုင် ဦးစီးပြီး ကျင်းပပေးနေသည်။ party ဆိုသည့်အတိုင်း အမျိုးသား အမျိုးသမီးမရွေး
အသောက်အစားလေး နည်းနည်းပါကြသည်။ ဆေးရုံညဂျူတီ တာဝန်ကျသည့် ဝန်ထမ်းများမှအပ လူတိုင်းနီးပါး ဝိုင်သောက်ဖြစ်ကြသည်။ ညဂျူတီ တာဝန်ကျသည့် ဝန်ထမ်းများကတော့ ခဏသာ လာနှုတ်ဆက်ပြီး ပြန်သွားကြသည်။ မန္တလေးမပြန်ခင် Drအား မုံရွာအနှံ့ ပို့ပေးချင်သော မေလက်ပံတစ်ယောက်ကတော့ ဒီနေ့ည ညဂျူတီကို သေချာယူလိုက်မိသည်။ ဒါမှသာ မနက်ဖြန်နားရက်ရမည် မဟုတ်ပါလား။

The Last One (Zawgyi + Unicode)Hikayelerin yaşadığı yer. Şimdi keşfedin