FTC - 30 S4

675 138 141
                                    

တိုက်ပွဲဖြစ်ပွားရာ နေရာဆီမှ ပေါက်ကွဲသံတချက်နောက် Ray နားကြပ်ကို ဆွဲချွတ်ကာ ဆက်သွယ်ရေး ခလုတ်ကို ကိုင်ဆောင်၍ အကြိမ်ပေါင်း များစွာ ဆက်သွယ်ပါသော်လည်း တဖက်မှ ဖြေဆိုသူမရှိ။

"ကပ္ပတိန်!!! ကြားရဲ့လား.."

"........."

"ဆရာရှောင်း!!!"

"........."

Bridge ထဲရှိ လူအကုန်လုံးရဲ့ အကြည့်မှာလည်း Ray ထံက အဖြေတခုခုကို ငံ့လင့်နေသည့်အကြည့်မျိုးပင်။ မည်သို့မှ ပြန်ဖြေသံ မရှိသည့်အဆုံး အတွင်းပိုင်းသို့ ဖောက်ဝင်သွားသည့် လူတွေထံသို့ ဆက်သွယ်ခဲ့သည်။

"Miller?  Wayne..?"

ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ပေါက်ကွဲသံတခုနှင့်အတူ ကျန့်ကောတို့ဘက်မှ အသံများက ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်မို့ အဖြေရှာနေခိုက် စစ်သဘောၤထံမှ ဆက်သွယ်လာသည်။ Miller ဘာမှပြန်မဖြေနိုင်သေးခင် ရိပေါ်ကြားဖြတ်ဝင်ကာ..

"Ray ငါ ရိပေါ်..ဘာဖြစ်တာလဲ သိလား.."

"အမြောက်သံလို့ထင်တယ် ရိပေါ်..ကပ္ပတိန်တို့ဘက်က ဘာမှမကြားလို့..မင်းတို့ပြန်ကြည့်ပေးလို့ ရမလား.."

"ငါတို့ကြိုးစားကြည့်ဦးမယ် Ray...။"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

နားစည်ကွဲလုမတတ် အသံအကျယ်အကြီးက နားထဲပစ်ဝင်လာပြီး အိမ်ပေါ်ကျလာသည့် လက်နက်ကြီးကြောင့် ပြိုကျပျက်ဆီးသံတွေပါ တွဲလျက်ပါလာခဲ့သည်။ သွေးစအနည်းငယ် ထွက်နေသည့် နားတဖက်ကို Andy အုပ်ကိုင်ကာ ကြိုးစားထရပ်ရင်း ပထမဆုံး ရှာဖွေမိသူက ဆရာရှောင်းကိုပင်။ ဆိုဖာခုံတွေရဲ့ နောက်ဘက် မီးလင်းဖိုအကြား ညပ်နေသည်မို့ ဆရာရှောင်းအတွက် ခံသာသွားသည်။ ခေါင်းကိုခါးယမ်းကာ ကုန်းရုန်းပြန်ထနေသည်မို့ ပြေးတွဲလိုက်ချိန်မှာပင် နာမည်နှစ်ခုကို စူးစူးဝါးဝါး အော်လိုက်သည့် ယောက်ကျားအသံ တခုကြောင့် ထိုနေရာဆီသို့ အကြည့်ရောက်သွားတော့သည်။

ပြိုကျနေပြီးထုထည်ကြီးမားသည့် မျက်နှာကျက်အောက်မှာ ခြေထောက်လေးတွေသာ မြင်ရတော့သည့် ကလေးငယ်နှင့် သူဧ။်မိခင်။ ထို ထွက်နေသည့် ခြေထောက်အဖျားလေးတွေကို ဆုပ်ကိုင်၍ အသံကုန် အော်ငိုနေသည့် အိမ်ရှင်ယောက်ကျားကို ကြည့်ကာ ရင်တခုလုံး တင်းကြပ်လာတော့သည်။ ဆရာရှောင်း တခုခု မေးနေသော်လည်း ရုတ်တရက် ပြန်မဖြေနိုင်ပဲ ဆို့နင့်စွာ ကြည့်နေမိခိုက် ဆရာရှောင်းက မိမိလက်ကို လှုပ်ရမ်းလာသည်။

Follow The Command - S4Donde viven las historias. Descúbrelo ahora