Silence - 1

6 0 0
                                    

ကျွန်တော့်ရဲ့ မနက်ခင်းတွေ ကစပြီး ညတွေ ဖြစ်သွားတဲ့အထိ ကျွန်တော် လူတစ်ယောက်တည်းကိုပဲ ငေးကြည့်နေခဲ့ဖူးတယ်။

သူ့ကို သိလား ? ။ သူက ကျွန်တော် အချစ်ရဆုံး လူသားလေး လေ ။ သူ့နာမည်လေးက "ခရာနွေဦး"တဲ့။

သူက သိပ်ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ ကောင်လေး ။ အရမ်းချစ်ပြတတ်တဲ့ကောင်လေး ။ ပြီးတော့ အရမ်းဟန်ဆောင်ကောင်းတဲ့ ကောင်လေးတစ်ယောက် ။

                                    *

"ဟေ့ရောင် 'သမိုင်း' "

" ဘာလဲ ? " သမိုင်း မေးငေါ့၍ မေးလိုက်သည်။

"အဲ့ဒီ ကောင်မလေးက ဘယ်သူလဲ ? ။ ချစ်စရာလေး !"

" ငါတို့မေဂျာက Queen လေ ။ "

"ဒါဆို မင်းနဲ့ခင်တယ်ပေါ့ ။ "

" ခင်တယ်လို့လဲ မဟုတ်ပါဘူး ။ မေဂျာတူတော့ စာအကြောင်း ၊ ကျောင်းအကြောင်း ပြောမိကြရုံပါပဲ ။ "

"အော် ! နောက်တစ်ခါ ငါ့ကို သူနဲ့မိတ်ဆက်ပေးပါနော် ! နော်လို့ ! ဟေ့ရောင်ရ ။ " ဟု ဆိုပြီး နွေဦး
တစ်ယောက် သမိုင်း ပခုံးလေးပေါ် သူ့လက်လေးတင်၍ သဇင်နှင့် မိတ်ဆက်ပေးရန် တောင်းဆိုလေသည်။ 

ထိုစကားကြားတော့ သမိုင်း‌ဆက်သွားမည့် ခြေလှမ်းတို့ ရပ်လိုက်သည်။ ပြီးတော့ နွေဦး ရဲ့ မျက်လုံးအစုံတို့ကို ခဏတာ ငေးကြည့်လိုက်ပြီး .....

"ဟင်အင်း မဖြစ်နိုင်ပါဘူးကွာ " ဟုဆိုပြီး သမိုင်းတစ်ယောက် နွေဦးဖက်ထားရာမှ ရုန်းကာ ရှေ့သို့ ဆက်လျှောက်လိုက်သည်။

သမိုင်းရှေ့က‌နေထွက်သွားတော့ နွေဦးက သမိုင်းနောက်မှ ပြေးလိုက်ကာ သမိုင်းပခုံးလေးကို ထပ်မံ လက်တင်လိုက်သည်။

"ဘာလို့လဲ?!!"

" ဘာလို့ဆိုတော့ သူက Queen ဆိုတော့ မာနကြီးမယ် ထင်လို့ပေါ့ဟ ။ "

"အော် ! အဲ့လိုကို ။ ဒါမဲ့ ဘာမှ မဖြစ်ပါဘူး ။
အချစ်စစ်‌ဆိုတာ အခက်အခဲတွေ များတာ
ငါသိပါတယ် ။ဒါကြောင့် ငါ့ကို သူမနဲ့ မိတ်ဆက်ပေးကွာ ။ နော် သမိုင်း ! နော် လို့ !။ "

You've reached the end of published parts.

⏰ Last updated: Jun 12, 2021 ⏰

Add this story to your Library to get notified about new parts!

SILENCEWhere stories live. Discover now