အပိုင်း (၁၃)

1.8K 218 3
                                    

အပိုင်း (၁၃)

လက်ရှိမှာတော့ ဟွားကျူ့ယွီ၏အနေအထားက အတော်လေးနေရခက်လို့နေ၏။ ပုခုံးသားတစ်ဖက်ဆီမှ အဝတ်စလေးဟာလျောကျလျက် သူမရဲ့ဖြူဖွေးလှတဲ့ပုခုံးသားတစ်ဝက်ဟာ အတိုင်းသားပေါ်လို့နေတယ်။ နက်မှောင်လှတဲ့သူမရဲ့ဆံနွယ်တွေကလည်း ရေတံခွန်သဖွယ်ကျဆင်းလျက် ကောဇောပြင်ပေါ်မှာ ရှုပ်ထွေးစွာ ပြန့်ကြဲနေတော့သည်။

တာ့ချီနဲ့ ကျန်းရှီးတို့က ဟွားကျူ့ယွီကို ရှောင်ယင်ရဲ့ရှေ့မှောက်သို့ ခေါ်ဆောင်သွားကြတယ်။ ရုန်းကန်မှုပြုလုပ်ခြင်းက သူမကို လူသတ်သမားလို့ပဲ အထင်ခံရစေမှာမို့ သူမ တစ်စက်လေးမှမရုန်းကန်ခဲ့ဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာ သူမက သူတို့နဲ့မယှဉ်နိုင်သေးဘူးလေ။

“ခေါင်းကိုမော့လိုက်!” ရှောင်ယင်၏လေးနက်ပြီးအေးစက်တဲ့အသံက သူမရဲ့ဦးခေါင်းအထက်မှ ထွက်ပေါ်လာခဲ့သည်၊ သူမကိုမှတ်မိသွားလေမလား?ဆိုပြီး သူမ အတော်လေးစိတ်ရှုပ်နေခဲ့ရတယ်။

ရှောင်ယင်၊ ကျန်းရှီးနဲ့ တာ့ချီတို့က သူမကို အရင်ကမြင်ဖူးခဲ့ကြပေမဲ့ ကံကောင်းစွာနဲ့ သူတို့တွေ့မြင်ခဲ့ကြတာက သူမရဲ့ပုံသဏ္ဍာန်အစစ်အမှန်မဟုတ်ခဲ့ဘူး။

ဒါ့အပြင် ယနေ့ည သူမ ကြိုတင်ခြယ်သထားခဲ့သေးတာ။ ထိုအကြောင်းကိုတွေးမိသွားပြီး ဟွားကျူ့ယွီ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။ ဝင်းလက်တောက်ပတဲ့မျက်ဝန်းအိမ်တစ်စုံနဲ့ သူမရဲ့သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမယ့် သူမရဲ့မျက်စိရှေ့မှောက်မှာရှိနေတဲ့သူကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တယ်။ ကြီးမားကျယ်ပြန့်တဲ့ ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားတဲ့ရှောင်ယင်တစ်ယောက်ဟာ နွမ်းလျနေတဲ့ပုံနှင့် ထိုင်ခုံတစ်ခုံပေါ်မှာမှီလျက်ရှိ၏၊ လေးနက်တဲ့ခရမ်းရောင်မျက်ဝန်းအိမ်တွေက ဖယောင်းတိုင်မီးရောင်အောက်မှာ စွဲမက်ဖွယ်ကောင်းတဲ့ အလင်းတန်းလေးတွေကိုထုတ်လွှင့်လျက်ရှိပေမဲ့ ကြောက်မက်ဖွယ်စိမ်းကားအေးစက်မှုကိုလည်း မဖုံးဖိထားနိုင် ဖြစ်နေသေးသည်။ သူမကို သူ စိုက်ကြည့်နေတာပဲ!

“လူသတ်သမားလား?” ရှောင်ယင် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ သူ့ရဲ့သွယ်လျတဲ့လက်ချောင်းလေးတွေနဲ့ ဘေးနားကစားပွဲရှည်ကြီးကို အသာလေးပုတ်ခေါက်လိုက်တယ်။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now