Unicode
အဘိုးအိုကသူတို့ကိုလမ်းပြဖို့ရှေ့ကသွားတုန်းမှာ ဖုန်းကျင်းကရှီရှန်းကိုခပ်တိုးတိုးသတိပေးတယ်
"အရှုပ်တွေမလုပ်နဲ့.."ရှီရှန်းကသူမရဲ့ဓါးကို လျှပ်စစ်ပန်ကာလို တ၀ီ၀ီမြည်သွားအောက်ေ၀ှ့ယမ်းလိုက်တယ်
သူမရဲ့မျက်နှာအမူအရာကလည်း*ငါနားမထောင်ဘူး..ငါလုပ်ချင်တာလုပ်မှာပဲ...မကျေနပ်ရင်လာသတ်* လို့ပြောနေတဲ့အတိုင်းပဲ..ဖုန်းကျင်းက သူမကိုခေါ်လာမိတာမှားပြီလို့ခံစားလိုက်ရတယ်
'သူမကိုအိမ်ပြန်ပို့ဖို့သိပ်နောက်ကျသွားပြီ'ဖုန်းကျင်းကသူတို့ရဲ့စာချုပ်ဆက်နွယ်မှုကိုအသုံးချပြီးသူမကိုဖိနှိပ်ဖို့ကြိုးစားတယ်
ဒါပေမယ့်...."လုပ်ရဲရင်လုပ်လိုက်လေ...ကျွန်မ၀ိညာဥ်ပြိုကွဲသွားရင်တောင် ရှင့်ကိုငရဲထိဆွဲခေါ်သွားမှာ...ကျွန်မက၀ိညာဥ်ပြိုကွဲသွားမှာကိုလည်းမကြောက်ဘူးနော်...." ရှီရှန်းရဲ့သတိပေးစကားကသူ့နားထဲကိုတန်းရောက်လာတယ်
ဖုန်းကျင်း "......"
'ခွေးတောင်မှချောင်ပိတ်ပြီးရိုက်ခံရရင်ပြန်ကိုက်တတ်ကြတယ် ...ငါတို့မှာ သခင်နဲ့အစေခံ သွေးစာချုပ်ရှိနေရင်တောင် သူမသာတကယ်တဇွတ်ထိုးလုပ်မယ်ဆိုရင်တားလို့မရနိုင်ဘူး...ဒါ့အပြင် အဲ့ဒီဓါးကြီး...'"တော်သင့်ပြီ" ဖုန်းကျင်းကဘာမှမတတ်နိုင်ဘဲ သူမကိုစကားနဲ့သာထပ်သတိပေးလိုက်ရတယ်
"ရှင်ကျွန်မအတွက်အ၀တ်အစားအသစ်တွေမီးရှို့ပေးမယ်လို့ကတိပေးရင် ရပ်လိုက်မယ်"
'ခွေးကိုအ၀ှာပြုနေရသလိုပဲ...အ၀တ်အစားလေးရဖို့အရေးဒီလောက်ထိတောင်ကြိုးပမ်းနေရတယ်လို့...'
ဖုန်းကျင်းကမျက်မှောင်ကျုတ်လိုက်တယ်
"ကောင်းပြီ"ရှီရှန်းကပြုံးလိုက်ပြီးဓါးကိုချက်ချင်လွှတ်ချလိုက်တယ်
ဖုန်းကျင်း "...."အဘိုးကြီးကသူတို့ဘက်ကိုလှည့်ကြည့်တော့မလိုလုပ်လိုက်တော့ ဖုန်းကျင်းကဓါးကိုအသည်းအသန်ဖမ်းလိုက်ရတယ်

VOCÊ ESTÁ LENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Ficção AdolescenteThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.