| Dear Miss Librarian | [ Final ][ Zawgyi ]
" Dear Miss Librarian ,
ဒီစကားလုံးလေး ၃ လုံးကိုတွေ့လိုက်တာနဲ့
စာတိုတွေလေးတွေရဲ့ ပိုင်ရှင်ကိုသိလောက်ပြီထင်ပါတယ်.. ပါးစပ်ကနေဖွင့်ဟပြောဖို့ သတ္တိနည်းလွန်းတာမို့ ဒီစာလေးနဲ့ပဲပြောပြပါရစေ.. ပထမဆုံးအကြိမ် စာကြည့်တိုက်ကိုရောက်တုန်းက Reception မှာထိုင်နေတဲ့ခင်ဗျားလေးကိုတွေ့လိုက်ရတယ်.. မြင်မြင်ချင်းအချစ်ဆိုတာကိုမယုံတဲ့ကိုယ်က ထိုနေရာမှာတင်ဒူးထောက်လျက်သားပါပဲ.. ခင်ဗျားလေးကအရမ်းကိုလှတယ်..ရိုးရိုးလေးထိုင်နေတာတောင် ကိုယ့်ကိုရင်ခုန်အောင်လုပ်နိုင်ခဲ့တယ် .. "ရှေ့ဆက်မဖတ်ခင် ရင်ခုန်နှုန်းတွေကအရမ်းကိုမြန်နေတာမို့ အသက်ရှုရပါခက်လာတော့သည်..။ စာတစ်ကြောင်းချင်းစီတိုင်းကြောင့် ကိုယ့်ရဲ့နှလုံးသားလေးလည်းအခက်တွေ့ရသည်..။
" အဲနေ့ကစပြီး နေ့ရက်တိုင်းကိုစာကြည့်တိုက်မှာပဲကုန်ဆုံးခဲ့တယ်.. စာဖတ်တယ်လို့အကြောင်းပြပေမယ့် ခင်ဗျားလေးကိုငေးကြည့်တာက ခပ်များများရယ်ပါ..တနင်္ဂနွေနေ့တွေကကိုယ်အမုန်းဆုံးနေ့ရက်တွေဖြစ်ခဲ့တယ်..ခင်ဗျားလေးကိုမတွေ့ရတဲ့ရက်တွေက သိပ်အဓိပ္ပာယ်မရှိလှပါဘူး.."
ထိုလတွေတုန်းက ဘာကြောင့်ကိုယ့်ကိုတစ်ယောက်ယောက်ကကြည့်နေသလိုခံစားရတာလဲ ဆိုတဲ့ဖြေကိုသိလိုက်လေပြီ..။ နောက်ဆုံးတော့ သူဖြစ်နေခဲ့တာပဲ..။
" ခင်ဗျားလေးနေမကောင်းဘူးလို့ကြားတော့ ကိုယ့်မှာထိုင်မရထမရပါဘဲ..နည်းနည်းလောက်တော့ဂရုစိုက်ပေးချင်ခဲ့တာ..ခင်ဗျားလေးရဲ့သူငယ်ချင်းကြောင့် လမ်းစလေးရှာတွေ့ခဲ့တယ်ဆိုပါတော့.. "
ထိုဆန်ပြုတ်ကတစ်သက်တာမှာ အရသာအရှိဆုံးဆိုတာကိုပြောပြချင်မိသည်..။ အဲတုန်းကနေပြန်ကောင်းလာခဲ့တာဟာ သူ့ရဲ့ကျေးဇူးတွေအများကြီးပါခဲ့သည်..။ ကိုယ်လိုအပ်တဲ့အချိန်တွေမှာ သူကအလိုလိုရောက်လာတတ်တာကို တိုက်ဆိုင်မှုလို့တော့မတွေးချင်..။
" အဲဒီနောက်မှာဒီငကြောက်က ခင်ဗျားလေးကိုစာတွေစပေးတော့တာပဲ.. ကလေးဆန်တယ်မလား.. ဒါပေမယ့်သဘောကျကြောင်းကိုဖွင့်ဟပြောဖို့ အဲတစ်နည်းဘဲတတ်နိုင်ခဲ့လို့ပါ..အော် သဘောကျကြောင်းဆိုလို့ .. ခင်ဗျားလေးကိုအများကြီးသဘောကျတယ်ဆိုတာကို မပြောရသေးဘူးထင်တယ်.. "
KAMU SEDANG MEMBACA
| Dear Miss Librarian | | Michaeng |
Fiksi Penggemarရွှေအိုရောင်ဆံပင်လေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ စာကြည့်တိုက်မှူးလေးဟာ ကျွန်မစာကြည့်တိုက်ကိုနေ့တိုင်းသွားရတဲ့ အကြောင်းအရင်း ..... ။ - Chaeyoung