လမ်းတစ်လျှောက်လုံး သူတို့ရဲ့မြင်းလှည်းကိုမြင်တာ
နဲ့သွားလာနေသူများကလမ်းဘေးသို့ဆင်းပေးကြသည်။တစ်ချို့ကဦးညွှတ်အရိုအသေပေးကြသည်။
ထိုအခြေအနေတွေကို မြင်းလှည်းထဲမှာ Lisa
လှမ်းမြင်နေရသည်။" ဖေဖေက ဒီမြို့ မှာသြဇာညောင်းတယ်လေ"
Lisa သိချင်နေမယ်ထင်လို့ Chaeyoung ကပြောပြသည်။
" ဖေဖေက ရာထူးတွေယူမထားဘဲအေးဆေးစာရေး
ရတာကိုနှစ်သက်တယ် ပြီးတော့ အရင်က ကလေး
တွေကိုစာသင်ပေးတယ် ဒါကြောင့် လူတွေက
လေးစားကြတာ "" Chae ဖေဖေကစိတ်ထားနူးညံ့သူပဲ
အပြင်ပန်းကကြည့်ရင်မသိသာပေမယ့်ပေါ့"" ဒါပေမယ့် ငါ့ကိုတော့အမြဲလျစ်လျူရှုထားတာ"
Chaeyoung ကိုသူလှမ်းကြည့်လိုက်သည်။
Chaeyoung ကမြင်းလှည်းအပြင်ဘက်ကိုငေး
နေသည်။Lisa ဘာမှပြန်မပြောဖြစ်ပါ။တစ်ရွေ့ရွေ့ထွက်ခွာလာတဲ့မြင်းလှည့်ကခြံတစ်ခု
ရှေ့မှာတုံ့ခနဲရပ်တန့်သွားသည်။ရောက်ပြီဆိုတဲ့အသိနဲ့ Lisa မြင်းလှည်းထဲမှာထွက်လိုက်သည်။
Chaeyoung လည်းထွက်လိုက်လာသည်။လူအဝင်အထွက်များသလိုရှုပ်ထွေးနေသော
အခြေအနေကြီးက Lisa ကိုစိတ်ပျက်စေသည်။
လူကြီးမင်းကို လမ်းပြခေါ်ဆောင်သွားကြလေသည်။
Chaeyoung ကတော့ လူကြီးမင်းနောက်ပဲလိုက်
သွားတာကြောင့် သူလည်းလိုက်ရပြန်သည်။ခြံတစ်ခုလုံးတွေမီးရောင်တွေထိန်းလင်းနေကာ
အော်ဟစ်ရယ်မောသံတွေကိုလည်းအလွန်အကျူး
ကြားနေရသည်။ခြံထဲကမြေကွက်လပ်မှာ
ပွဲကိုစီစဥ်စားပြီး အစားအသောက်စီစဥ်သူတွေက
တော့ခြံထောင့်နားမှာအလုပ်ရှုပ်နေကြသည်။
ခြေတံရှည်စားပွဲရှည်တွေကိုသာခင်းကျင်းထား
ပြီးစားပွဲတိုင်းမှာလူပြည့်နေပြီဖြစ်သည်။
မွေးနေ့ပွဲစဖို့မလိုတော့ပါလားဆိုတဲ့အတွေးကြောင့်
Lisa စိတ်သက်သာမိသည်။မရင်းနှီးတဲ့လူတွေ၊
မရင်းနှီးတဲ့အသံတွေကြောင့်မွန်းကြပ်နေမိသည်။Chaeyoung ကိုရှာသော်လည်းမတွေ့မိသလို
လူကြီးမင်းကိုလည်းမတွေ့မိပါ။သူတစ်ယောက်တည်းရပ်ရင်းကျန်နေခဲ့တာ။
ဘယ်ဘက်ကိုသွားရမလဲလို့ဝေခွဲမရဖြစ်နေစဥ်မှာပဲ
Chaeyoung ရောက်လာပြီးသူ့ကိုဆွဲခေါ်သွားသည်။
YOU ARE READING
The Uncontrollable
Random" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "