Part - 74{Unicode☆☆}

134 12 25
                                    

ခမ်းနားလှပ​နေသည့် မင်္ဂလာခန်းမကြီးက သတို့သား သတို့သမီး​လျှောက်လှမ်းလာရမည့်အချိန်ဖြစ်သည်.....။
ဦးသူရိန်ခ...နေမင်းခတို့ကို သွား​ပြောဖို့ရာ ကျော်သက်ဦးကို လွှတ်လိုက်သည်.....။

ဟန်ဇင်ခအား လိုက်​စောင့်ကြည့်​နေသည့် မင်းရဲမာန်...သန့်စင်ခန်းထဲမှ ဟန်ဇင်ခ ထွက်မလာ​သေး၍...ဝင်လိုက်လာ၏...။
အခန်းဝ​ရောက်​ရောက်ချင်းမှာပင်...လူတစ်​ယောက်က သတိ​မေ့​နေသလိုပုံစံဖြင့်လူအား တွဲ​ခေါ်လာသည်ကို​တွေ့လိုက်ရ၍..မင်းရဲမာန် သေချာ​ကြည့်​နေတုန်း...သူတို့​နောက်မှ လူတစ်​ယောက်​ရောက်လာသည်...။ထိုသူက ' ဟိန်း​တေဇ ' ပင်...။ထို​ကောင်​လေးအား မင်းရဲမာန်မမှတ်မိပါ...။
သတိ​မေ့​နေသည့် လူဆီသို့ မင်းရဲမာန် အကဲခတ်ကြည့်လိုက်​တော့...အနက်​ရောင်​ခေါင်းစွပ် အင်္ကျီကြီးဖြင့် ခေါင်းကိုအုပ်ထား၍ သေချာမမြင်ရ....။
ဟိန်း​တေဇက​တော့..မင်းရဲမာန်ကို သိ​နေကာ..သတိ​မေ့​နေသည့် ဟန်ဇင်ခအား မသိမသာ ကွယ်လိုက်ပြီး....

"အဟား..ကျုပ်​ဘော်ဒါ​လေ...သောက်တာများ​သွားလို့..." ဟု​ပြောကာ...ထွက်သွားသည်...။
မင်းရဲမာန်လည်း...သူတို့ဆီတွင် ဟန်ဇင်ခ ပါသွားသည်ကို မသိလိုက်ပါ.....။

ကျော်သက်ဦး...ခပ်သွက်သွက်​ဖြင့် ဦးသူရိန်ခဆီ ပြန်လျှောက်လာသည်...။

"ဘော့စ်...သခင်​လေး​နေမင်းခကိုမ​တွေ့ဘူး...ပြီး​တော့ ကောင်မ​လေး​ရော..."

ဦးသူရိန်ခ စဥ်းစားလိုက်ပြီး....

"သားဟန်ဘယ်မှာလဲ..."

"သခင်​လေးဟန်ကိုလဲ မ​တွေ့​တော့ဘူး ဘော့စ်.."

"ဘာ!!!..."

လူရှင်းသည့်​နေရာသို့..ဦးသူရိန်ခ.. ကျော်သက်ဦးကို​ခေါ်လာလိုက်ပြီး...

"ဘယ်လိုဖြစ်တာလဲ...သားဟန်ငါတို့ကို ဘာမှမ​ပြောပါလား..."

"ဟုတ်..ကျွန်​တော်လဲ ဘာမှမသိဘူး..."

အ​ခြေအ​နေ​တွေက​တော့ ရှုပ်​​ထွေးလျှက်ပင်...။
မင်္ဂလာပွဲက လူ​တွေလည်း သတို့သား သတို့သမီးမလာ​သေး၍...ကွက်ကြည့်ကွက်ကြည့်ဖြင့်...။

⚠BECAUSE...⁉   {U+Z} (Completed)Donde viven las historias. Descúbrelo ahora