အခန်း ၁၁။ ငါဆန်ပြုတ်မကြိုက်ဘူးလို့!!!!

399 66 4
                                    

AN - Hello! update ကြာသွားတာတောင်းပန်ပါတယ် လေပြည်မျက်လုံးရောင်နေလို့ စာရေးရပ်ထားရတာပါ။ ပြန်ကောင်းသွားပြီမို့ ပြန်တင်ပေးပါပြီနော်။ အစကအခန်း ၁၁မှာ ဇာတ်သိမ်းမယ်လို့ပြောထားပေမယ့်လို့ လောဘကြီးသွားပြီး ၂ပိုင်းစာတောင် ရေးနိုင်သွားပါတယ် XD ဒီတော့ နောက်အခန်းကျမှ ဇာတ်သိမ်းပါမယ်နော်။ ၁၂က တစ်၀က်လောက်ပြီးပြီမို့ မနက်ဖြန်လောက်တော့ အပ်ပေးနိုင်မယ်ထင်။ XD

-----------

အခန်း ၁၁။ ငါဆန်ပြုတ်မကြိုက်ဘူးလို့!!!!

နံနက် မိုးလင်းချေပြီ။ နေရောင်ခြည်က ပြတင်းတံခါးမှဖြတ်၍၀င်လာသည့်တိုင် ရှောင်းကျန့်မနိုးလာသေး။ အအိပ်ဆတ်သည့်ရိပေါ်ကတော့ နိုးနေခဲ့ချေပြီ။

လက်ဖဝါးတစ်ဖက်ကို ခေါင်းအောက်တွင်ခုပြီး တံတောင်ဆစ်ကိုထောက်ကာခေါင်းတင်ရင်း ချစ်မြတ်နိုးရသူ၏ အိပ်မောကျနေဆဲမျက်နှာလေးကို တစ်၀ကြီးကြည့်ခွင့်ရနေသည်။

သို့သော်လည်း မည်မျှပင်ကြည့်နေရပါစေ။ သူ့မှာတင်းတိမ်သည်ဟူ၍မရှိပေ။ နေရောင်ခြည်နုနုက ရှောင်းကျန့်၏မျက်နှာထက်ဆီ ဖြာကျလာသည့်အခါ မျက်ခွံတို့လှုပ်ခတ်သွားသည်မို့ နိုးမှာစိုးကာ လက်ဖြင့်ကာလိုက်သည်။

သို့သော်လည်း ရှောင်းကျန့်ကတော့ နိုးသွားခဲ့ပြီဖြစ်သည်။ အိပ်ချင်မူးတူးဖြစ်နေသည့်မျက်၀န်းအစုံကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်နှာရှေ့မှရိပေါ်၏ လက်ကိုကြည့်သည်။

အဓိပ္ပာယ်ကိုနားလည်သွားသည့်နောက်မှာတော့ ရှောင်းကျန့်ကယောင်ယောင်လေးပြုံးကာ ရိပေါ်၏လက်ကိုဆွဲယူ၊ ရင်ဘတ်မှာကပ်ကာဖက်ထားလိုက်သည်။

မျက်၀န်းအစုံကတော့ ထပ်အိပ်ချင်နေသေးသလို။ ရိပေါ်လည်း စားပွဲတင်နာရီကိုတစ်ချက်မျှကြည့်လိုက်ပြီး အိပ်ရာထချိန်တန်ပြီဆိုတာသိလိုက်သည်။

"ထောင်ဟွား ရှစ်နာရီထိုးနေပြီ ဆက်အိပ်ရင် ခေါင်းတွေကိုက်လာလိမ့်မယ်နော်"

"အင်းသိတယ် ငါးမိနစ်လောက်"

"ဟောဗျာ"

အိပ်ရာနှင့်လက်ထပ်ထားသည့်ပမာ ရှောင်းကျန့်ဟာ မခွဲခွာချင်သေးပါ။ ရိပေါ်သည်လည်း သူ၏ရင်ခွင်ထဲ တိုး၀င်နေသောချစ်ရသူကြောင့် အတင်းထခိုင်းဖို့မလုပ်ရက်ပြန်ပေ။

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Tempat cerita menjadi hidup. Temukan sekarang