🍂 Nway Oo (Episode-1)🍂

463 42 7
                                    

နွေဦးအချိန်ကာလ....သစ်ရွက်ဝာလေးတွေလမ်းမအနံ့ပျံ့ကျဲနေခဲ့တယ်......🍂

သစ်ရွက်လေးတွေ ကြွေကျနေကာ လှပနေတဲ့ Seoul မြို့ရဲ့ တစ်နေရာ မှာ နွေဦးနဲ့အပြိုင် လှပနေဆဲ လှပနေတဲ့ ကောင်မလေးတစ်ယောက်......

ရွက်ဝာလေးတွေကြွေနေတဲ့ လမ်းမကြီးထက်မှာ လမ်းလျှောက်ရင်း နေရာလေးတစ်ခုကိုငေးမောကြည့်နေရင်း သူမရဲ့ စိတ်ထဲ တစ်ခုခုကို လွမ်းဆွတ်လာသလို....

ထိုနေရာလေးကတော့....သူမရဲ့ အတိတ်က အရေးပါဆုံးလူတစ်ယောက်နဲ့ လာခဲ့တဲ့ နေရာလေးတစ်ခုပေါ့🍂.....

Flash Back~~~~🍂

"Unnie...ဒီမှာ ဓာတ်ပုံရိုက်ရအောင်...."

"အင်း...ယောင်းလေး ဒီကိုကြည့်.....📸"

"ရပြီလား...Unnie.."

"အင်းရပြီ....ဒီမှာကြည့်..."

"အားး...Unnie ကဓာတ်ပုံရိုက်တာ အရမ်းတော်တာပဲ...ဆုကောင်းကောင်းချရမယ်ထင်တယ်...."

"အင်....အဲ့တာဆိုရင်..Unnie ကို popo ပေး.."

ချစ်စရာအမူအရာလေးနဲ့ popo ပေးဖို့တောင်းဆိုပြီး ပါးလေးထိုးပေးလာတဲ့ Jisoo ရဲ့ ပါးလေးကို နစ်ဝင်သွားသည်အထိ Chaeyoung တစ်ယောက် နမ်းရှိုက်လိုက်သည်......

Flash Back End......

အတိတ်တွေကို တွေးနေရင်း Chaeyoungတစ်ယောက် ပါးပြင်ပေါ်ကနေ မျက်ရည်လေးတွေ စီးကျလာတယ်.....

"လွမ်းလိုက်တာ Unnie.ရယ်🍂..."
ကိုယ်တိုငိကြားရုံသမျှသာ လေသံလေးနဲ့ တိုးတိုးလေးပြောလိုက်တယ်...

လေပြေ လေညှင်းလေးတိုက်ခက် နေချိန်မှာ လမ်းမတစ်လျှောက်က အမှတ်တရတွေကို တွေးတော နေရင်း... Chaeyoung တစ်ယောက် ပါးပေါ်ကနေ မျက်ရည်တွေ ရေတံခွန်လို စီးကျလာခဲ့တယ်.....

"Chaeyoung ahh....."

Chaeyoung ရဲ့နာမည်ကို အော်ခေါ်ရင်း Chaeyoung ဆီကိုပြေးလာတဲ့ Lalisa....

"La...lisa..."

သူတို့နှစ်ယောက်ပြေးဖက်လိုက်ကြတယ်....

"နင်ကလဲ...ပြန်ရောက်နေတာတောင်...ငါ့ကိုမပြောဘူး..."

"ငါလဲအခုမှ လေဆိပ်ကနေပြန်လာတာပါ...အခုပဲနင့်ကိုဖုန်းဆက်တော့မလို့ပဲ...."

You've reached the end of published parts.

⏰ Last updated: Jun 14, 2021 ⏰

Add this story to your Library to get notified about new parts!

ရက်စက်လှပါသောနွေဦးWhere stories live. Discover now