Unicode
အန်းစုကပတ်ပတ်လည်ကိုအမြန်ကြည့်လိုက်တယ် အလင်းရောင်ကမှိန်ဖျော့နေပေမယ့် အခန်းထဲကိုမြင်ရဖို့တော့လုံလောက်ပါတယ် သူမကအခုခုံတစ်ခုံမှာကြိုးတွေနဲ့အတုပ်ခံထားရတယ်
နံရံတွေပေါ်မှာလည်း သံကြိုးတွေချိတ်ထားတယ် ကြမ်းပြင်ပေါ်မှာလည်း ခြောက်သွေ့နေတဲ့သွေးစက်တွေရှိနေပြီး အခန်းထဲမှာ ပုပ်အက်အက်သွေးညှီနံ့နံနေတယ်
အခန်းက ရှေးခေတ်တုန်းကအကျဥ်းသားတွေကိုနှိပ်စက်တဲ့နေရာနဲ့တူနေတယ်'ငါဘယ်ကိုရောက်နေတာလဲ
....ဒီခေတ်မှာ ဒီလိုနေရာမျိုးရှိသေးတယ်ပေါ့...'" သခင်မချီဘယ်မှာလဲ..."
'သူမနဲ့ငါနဲ့တူတူရှိနေတာမဟုတ်ဖူးလား..သူမကိုဘာလို့မတွေ့တာလဲ...'ရှီရှန်းကသူမကိုလှောင်လိုက်တယ်
''နင့်ကိုဒီခေါ်လာတာဘယ်သူလို့ထင်နေတာလဲ..''အန်းစုကမယုံနိုင်မှုကြောင့်မျက်လုံးတွေပြူးကျယ်လာတယ်
'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သခင်မချီက အရမ်းနူးညံ့ပြီးသဘောကောင်းတဲ့သူပါ..သူမကငါ့ကိုဘာလို့ပြန်ပေးဆွဲရမှာလဲ... သူမနဲ့ငါ့ကြားမှာ ဘာရန်ငြှိုးမှလည်းမရှိဘူးလေ..'ရှီရှန်းကအခန်းထဲမှာလျှောက်သွားနေတာကြောင့် နံရံမှာချိတ်ထားတဲ့သံကြိုးတွေကလှုပ်ခတ်ကုန်ကြပြီးတချွင်ချွင်မြည်လာကြတာကြောင့် တိတ်ဆိတ်နေတဲ့အခန်းထဲမှာခြောက်ခြားစရာကောင်းနေတယ်
ကျွီ........
အဲ့ဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး အထက်တန်းကျကျ၀တ်စားထားပြီးကျက်သရေရှိရှိပြင်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကလင်ဗန်းတစ်ချပ်ကိုကိုင်ပြီး၀င်လာတယ်
အဲ့ဒီအမျိုးသမီးကိုမြင်လိုက်တာနဲ့ အန်းစုရဲ့နောက်ဆုံးမျှော်လင့်ချက်ဟာလည်းပြိုလဲသွားတော့တယ်
'တကယ်ကိုသူမဖြစ်နေတာပဲ....'ရှီရှန်းကအခန်းထောင့်မှာတိတ်တိတ်လေးရပ်နေတာကြောင့် သခင်မချီက သူမရှိနေတာကိုသတိမထားမိဘဲ အန်းစုဆီကိုတည့်တည့်လျှောက်သွားပြီး လင်ဗန်းကို အန်းစုရဲ့ထိုင်ခုံဘေးနားစားပွဲပေါ်တင်လိုက်ကာ ဗန်းထဲမှာပါသမျှပစ္စည်းတွေကို အန်းစုကိုရှင်းရှင်းလင်းလင်းမြင်ရစေလိုက်တယ်
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.