Your Life My Life Our Life : Intro

635 42 4
                                    

ခြေချောင်းထိပ်ဖျားလေးတွေဆီကထုံခဲနေတဲ့ခံစားချက်။ ခြေဖဝါးပြင်တစ်ခုလုံးဟာ အေးခဲတဲ့နှင်းထုကြားကို တစ်ချက်တစ်ချက်နစ်ဝင်သွားသည်။ ပါးလှပ်သည့်ဆွယ်တာလေးကို ထွင်းဖောက်ကာ ဆောင်းလေကြမ်းများဟာ ခန္ဓာကိုယ်ကို တိုက်စားလျက်ရှိသည်။ တစ်ကိုယ်လုံးဟာ အရိုးကွဲလောက်သည့် အေးခဲမှုကြောင့် တုန်ခိုက်နေသည်။ နာရီပေါင်းများစွာ မရပ်မနားပြေးလာခဲ့သည့်ခြေထောက်များဟာ ညောင်းကိုက်မှုအပြင် နှင်းကိုက်သည့်ဒဏ်ကိုပါ ခံရတော့မည်။ ဒါတွေဟာကျွန်တော့်အတွက်အရေးမပါနိုင်တော့ပြီ။ ဦးနှောက်ထဲတွင်ခိုတွယ်နေသောအကြောင်းအရာမှာ ဤ ညစ်နွမ်းအကျည်းတန်ပြီး အသုံးမဝင်သည့် ဘဝကို အပြီးသတ်အဆုံးသတ်ရန်။

ဤကမ္ဘာမြေတွင် အမှန်တရားမရှိ၊ ဖြူစင်မှုမရှိ။ ရှူပ်ထွေးပူလောင်လွန်းသည့် လူသားများသည် ညစ်ပတ်လွန်းသော အကြောင်းအရာများကိုသာ ထပ်တလည်းလည်းလုပ်ဆောင်လျက် မှန်ကန်မှုများပျောက်ဆုံးကုန်ပြီ။​နောက်ထပ်အသက်ဆက်ရှင်ရန်ကျွန်တော့်တွင် အကြောင်းပြချက်မလုံလောက်တော့။  ကူကယ်မည့်လူမရှိ။ ဖေးမမည့်လူမရှိ။ သနားညှာတာမည့်လူမရှိ။ အသိစိတ်ဝင်သည့်အချိန်တည်းမှစ၍ မိဘမဲ့ဟူသော နာမ်စားတစ်လုံးသာ ပိုင်ဆိုင်ခဲ့သောကျွန်တော့်ကို  ချောက်ထဲတွန်းချဖို့သာ တွေးနေကြသည့်လူများဝန်းရံနေသည့် ဤဘဝတွင် ကျွန်တော်ဟာ မည့်သည့်အင်အားဖြင့် ဆက်လက် ရှင်သန်ရမည်နည်း။ အသက်ဆယ့်ခြောက်နှစ်အရွယ်နှင့်မမျှ ခံစားခဲ့ရသော ဝေဒနါများကို ကျွန်တော်ဟာ တစ်ကြိမ်တစ်ခါမျှတောင် ဖွင့်ဟ ထုတ်ဖော်ခွင့်မရခဲ့ပေ။ ထို့အပြင် ဆူးတောထဲကိုသာ သွေးစိမ်းရှင်ရှင်ထွက်အောင် ကျော်ဖြတ်ခဲ့ရသောနေ့စွဲများ။ ဘာ​ကြောင့်များအသက်ဆက်ရှင်ရတော့မလဲ...။

ဂေဟာကနေ တောတန်းတစ်လျှောက်ပြေးလာခဲ့တာဟာ ယခုဆို ဘယ်မြို့ကိုရောက်နေမှန်းတောင်မသိတော့ပေ။ တုန်လှိုက်နေသော ခန္ဓာကိုယ်ကို သယ်ဆောင်ရင်း ဤဘဝအား အဆုံးသတ်နိုင်မည့် နေရာကို ရှာဖွေမိသည်။ စောင်ဖြူကြီးတစ်ထည်ခြုံထားသလိုဖြူစွတ်နေသည့်ထင်းရှူးပင်များ၏ အလွန်တွင် ရေစီးသံခပ်သဲ့သဲ့ကိုကြားနေရသည်။ မြစ်လား။ မြစ်။

𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞 Tempat cerita menjadi hidup. Temukan sekarang