အခန်း(၁)
တောတွင်းက ရွာကလေး
အရူးလေးက သူ၏မျက်လုံးအား ရွှံနှင့်လုပ်ထားသော ကြမ်း ပြင်အပေါ်သို့ ခေါင်းငုံ့ကြည့်လိုက်သည်။ သူလွှမ်းခြုံထားသည့်စောင်မှာ ချေးညော် များကြောင့် အရောင်ပင် မပေါ်တော့ဘဲ ဝါကျင့်ကျင့် ဖြစ်ကာ အောက် သိုးသိုးအနံ့ များပင် ထွက်ပေါ်နေသည်။ ထို့အပြင် ဟောင်းနွမ်း နေပြီဖြစ်သောကြောင့် မူလအရောင်ပင် မခွဲခြားနိုင်တော့ပါ။
သူ၏ အမှတ်(၂)ညီငယ် ဟန်ကျူး မှာ အလွန် အိပ်ချင်နေသည့်ပုံရှိပေသည်။ အိပ်ငိုက်နေရာမှ အိပ်မောကျသွားတော့သည်။
သူတို့အိပ်ရာရဲ့ခြေငါးလှမ်းအကွာရှိ မြေနံရံ လေးက အချိန်ကြာ ညောင်းလာသော ကြောင့်အက်ရာများ ဖြစ်ပေါ်နေသည်။
ထိုနံရံ၏ တစ်ဖက်တွင်သူ့မိခင်၏ မိန်းမတို့ထုံးစံ
ပွစိပွစိလုပ် နေသောကြောင့် သူ့ဖခင်က စိတ်ရှုပ်စွာ
ဆေးတံသောက်လိုက် ဆေးငွေ့တွေမှုတ်ထုတ်
လိုက် လုပ်နေသံကို ကြားနေရလေသည်။အရူးလေး ကြိုးစား အိပ်စက် လိုက်သည်။ ယခုအချိန် အိပ်စက်ခြင်းမပြုပါက နံနက်ခင်းတွင် စောစောအိပ်ယာ ထနိုင်မည် မဟုတ်ကြောင်း သူ့ကိုယ်သူ သိနေသည်။
အရူးလေး၏ အမည်မှာ “ ဟန်လီ” ဖြစ်သည်။ ဤကဲ့သို့ လှပသည့်အမည်မှာမိဘများပေးထားခြင်း မဟုတ်ပေ။
ဟန်လီကို ကျန်းအဖိုးအိုက ပြောင်းဖူးတစ်ဖူးဖြင့် အမည်မှည့်ပေး ခဲ့ခြင်းဖြစ်သည်။
(တရုတ်ဘာသာဖြင့် 二愣子-လမ့်ဇီ] ၏ အဓိပ္ပါယ်မှာ ဒုတိယအရူး(အရူးလေး) ဖြစ်သော်လဲ အသံထွက်မှာ ခေါ်ဆို၍ ကောင်းသော အသံထွက်ရှိ ပေသည်)
ဦးလေးဇောင်ငယ်စဉ်က မြို့ရှိချမ်းသာ ကြွယ် ဝသောအခြားကလေးများနှင့် အတူကျောင်း တက်ခဲ့ ဖူးသည်။ရွာထဲမှ တစ်ဦးတည်းသော ပညာ တတ်ဖြစ်၍ ကျေးရွာရှိကလေးများ ၏နာမည် တစ်ဝက် ကျော်ကို သူပေးခဲ့သည်။