(Unicode)
"Jonginက နည်းနည်း ဉာဏ်ရည်ချို့တဲ့နေတာ မဟုတ်ဖူးလား။အခုမှ ပထမဆုံးမြင်ဖူးတဲ့သူကတောင် SehunကJonginကိုကြိုက်နေမှန်း ရိပ်မိတယ်...သူကတော့ အနှစ်20ကျော်ပြီ အခုထိမရိပ်မိသေးဘူး"
နဂိုကမှ ရင်နာနေရတဲ့ကြားထဲ Baekhyunရဲ့သုံးသပ်စကားကြီးက ရင်ဝကိုစောင့်ကန်လိုက်သလိုမျိုး ကျွန်တော့်ကို လာနှိပ်စက်တယ်။ကျွန်တော် တစ်သျှူးတွေကို ဖြဲပြီး သေးသေးလေးတွေလုံးနေရင်းကနေ Baekhyunကို ပစ်ပေါက်လိုက်တယ်။
"ဘာကိစ္စJonginက ဉာဏ်ရည်ချို့တဲ့ရမှာလဲ...မင်းတို့တောင် လွန်ခဲ့တဲ့သုံးပတ်ကမှ ငါပြောပြလို့ သိတာမဟုတ်ဖူးလား"
ကျွန်တော်ပြောတော့ Baekhyunက တဟဲဟဲရီရင်း ခေါင်းညိတ်ပြတယ်။
သေချာပြန်စဉ်းစားကြည့်ရင် ဒီလောက်နှစ်တွေအကြာကြီး Jonginကို တစ်ဖက်သတ်ကြိုက်ခဲ့ပေမယ့် ဘယ်သူကမှ မရိပ်မိခဲ့ဘူး။ပထမဆုံး ရိပ်မိတဲ့သူကလည်း ဂျီယောင်းဆိုတဲ့ ပြိုင်ဘက်ဖြစ်နေသည်။
လွန်ခဲ့တဲ့သုံးပတ်က Jongdaeသာ Minseokကိုကြိုက်နေမှန်း ဝန်မခံခဲ့ရင် ကျွန်တော်လည်းJonginကိုကြိုက်နေကြောင်း ဝန်ခံမိမှာမဟုတ်ဖူး။
အဲ့နေ့က Jonginက Jongdaeပြောသမျှကို နားထောင်ပြီး စိတ်ရှုပ်ကာ အစောကြီးပြန်သွားတာမို့ သူပြန်သွားပြီးနောက်ပိုင်း ကျွန်တော်တို့တွေ အရေးကြီးတာတွေအများကြီးပြောခဲ့ကြတယ်။
ပြောခဲ့သမျှကို အကျဉ်းချုပ်လိုက်ရင် အကြောင်းအရာတစ်ခုပဲ ထွက်လာတယ်။အဲ့ဒါက Jonginကလွဲရင် ကျွန်တော်တို့တစ်ဖွဲ့လုံး ကွေးနေကြတယ်ဆိုတာပဲ။
"တကယ်တော့ Jonginကတုံးတာမဟုတ်ဖူး။Sehunက မလှုပ်ရှားတတ်တာ။သူက ငယ်ငယ်လေးကတည်းက ရိသဲ့သဲ့တွေပြောလာတော့ တကယ်လည်း ခံစားချက်တွေထုတ်ပြလိုက်ရော Jonginကရိုးသွားရော..."
Chanyeolက Baekhyunပေါင်ပေါ်မှာ ခေါင်းအုံးပြီး လှဲအိပ်နေရင်းကနေ သူ့ထင်မြင်ချက်ကို ထုတ်ပြောလာတယ်။အခုကျွန်တော့်အဖြစ်က ဘယ်ဘက်ကိုကြည့်လိုက်ရင် တစ်တီတူးနေတဲ့Chanbaekအတွဲကိုမြင်ရမှာဖြစ်ပြီး ညာဘက်ကိုကြည့်လိုက်ရင် အရမ်းတွေအဖြစ်သည်းနေကြတဲ့ Jongdaeနဲ့Minseokနဲ့ကို တွေ့ရမှာဖြစ်တယ်။
YOU ARE READING
Friend Zone's Benefits(Z+U)