အခန်း ၁၂။ ကျေးဇူးပဲကလေးမ... ငါတို့ကလက်ထပ်ပြီးပြီ။ (ဇာတ်သိမ်းပိုင်း)
တစ်လခန့်ကြာသော်။
မိန်းကလေးတစ်ယောက်အတွက် အလှပဆုံးအချိန်ကိုပြောပါဆိုလျှင် လူအများစုက လက်ထပ်မင်္ဂလာပြုချိန်ဟုပြောလေ့ရှိကြသည်။
သည်လိုဆို ယောကျ်ားလေးတစ်ယောက်အတွက်ဆိုလျှင်ရော...။ အခန့်ငြားဆုံးသော အချိန်အခါဟုဆိုရပေမည်။
ရှောင်းကျန့်သည်လည်း ချွင်းချက်တစ်ခုမဟုတ်ရကား သာမန်အချိန်များထက်ကို လွန်စွာခန့်ငြားတောက်ပနေတော့သည်။
မှန်ရှေ့တွင်ထိုင်ကာ ဆံပင်ကိုဖြီးသင်နေသည့်ရှောင်းကျန့်။ 'ကျွီ'ခနဲကြားလိုက်ရသည့်တံခါးဖွင့်သံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ သူ၏သတို့သားကြီးကို မြင်လိုက်ရသည်။
ရိပေါ်ကလက်၀တွင် အဖြူရောင်မက်မွန်ပန်းခက်များကို လှပစွာချည်ထိုးထားသော အနီရောင်လက်အိုးကျယ် ရှေးခေတ်၀တ်စုံကို၀တ်ဆင်ထားပြီး ရှောင်းကျန့်၀တ်ထားသည်မှာလည်း ၎င်းနှင့်ဆင်တူပဲဖြစ်သည်။
ရှောင်းကျန့်၏နှုတ်ခမ်းအစုံဟာ အထက်သို့ကွေးညွတ်သွားရပြီး ပုလဲရောင်သွားတန်းဖြူဖြူလေးများ ထွက်ပေါ်လာလေသည်။
သည်နေ့က သူတို့နှစ်ယောက်၏ လက်ထပ်ပွဲနေ့ပဲဖြစ်သည်။ ရိပေါ်က အနောက်တိုင်း၀တ်စုံဆင်တူ၀တ်ရန် အဆိုပြုသော်ငြားလဲ ရှောင်းကျန့်က ရှေးခေတ်၀တ်ရုံကိုသာ၀တ်ချင်သည်ဆိုတာမို့ အလိုလိုက်ပေးရတာပဲဖြစ်သည်။
ရိပေါ်က ရှောင်းကျန့်နောက်တွင်ရပ်လိုက်ကာ လက်ထဲမှဘီးကိုယူပြီး ဆံနွယ်များကို ဖြီးသင်ပေးလေသည်။ ဟိုယခင်ကလို ခါးသွယ်သွယ်ထိတိုင်အောင် ရှည်လျားလှသော ဆံနွယ်ရှည်များမဟုတ်တော့သော်လည်း နူးညံ့မှုတို့က မပြောင်းမလဲရှိနေဆဲသာ။
ရိပေါ်၏နှုတ်ခမ်းပါးထက် အပြုံးတစ်စဖြစ်တည်လာကာ ဖြီးသင်နေဆဲဆံနွယ်တို့ကို နမ်းရှိုက်လိုက်သည်။
"ငါ့နတ်ဘုရားလေးက မြင်တွေ့ခဲ့ရသမျှထဲ ဒီနေ့အခန့်ငြားဆုံးပဲသိလား"
VOUS LISEZ
မက်မွန်ပွင့်တို့သက်သေတည်၍ (season 2/COMPLETE)
FanfictionဒီBook က ယခင်"မက်မွန်ပွင့်တို့သက်သေတည်၍"ရဲ့ Volume 2 ဖြစ်ပါတယ်။ ယခင်fictionမှာတုန်းကနှစ်ယောက်သား ပြန်လည်ဆုံစည်းခဲ့ကြပြီိတော့ ဒီမှာ ဘယ်လိုတွေ အတိုးချချစ်ကြ၊ rs စာကျွေးကြ၊ roကြ၊ sweet ကြမလဲဆိုတာတော့ စောင့်မျှော်ဖတ်ရှုပေးပါဥ...