စိတ်ထဲ၌ မွန်းကြပ်ရှုပ်ထွေးသွားရသည်။
တစ်ယောက်က အသက်လောက် ချစ်မြတ်နိုးရသူ...
တစ်ယောက်က အသက်လောက် ချစ်မြတ်နိုးဖူးသူ...
တစ်ယောက်က ရိုသေလေးစားအားကျရတဲ့သူ...
ဒီတစ်ခေါက် Park Chanyeolဆိုသည့်သူ့အား မိုးနတ်မင်းစစ်သည့် စာမေးပွဲက ပြင်းထန်လွန်းလှပါသည်။
°~°~°~°~°~°~°~°~°~°~°~°~°~°~
''ညစာမစားခင် ဆေးသောက်ရဦးမယ်လေ သူဌေး...''
ဆေးလုံးထည့်ထားသည့်ခွက်ကလေးနှင့် ရေဖန်ခွက်ကိုကိုင်ကာ စာဖတ်ခန်းထဲသို့ Kyungsooဆိုသည့် ကောင်လေး ဝင်လာခဲ့ပါသည်။
''သောက်ဆေးတွေက ကျန်နေသေးတာလား...''
''မနက်ဖြန်မနက်သောက်စာတော့ ကျန်သေးတယ်..! ညနေပိုင်း သမားတော်Jiနဲ့ Bookingယူထားတယ်လို့ Baekလေးက ပြောပါတယ်...''
''Arrr....မနက်ဖြန် ဆေးရုံပြရက်ရောက်ပြီလား...''
''ဟုတ်ကဲ့..! ဒါနဲ့ Baekလေး နေမကောင်းဘူးထင်တယ်... အလုပ်ကပြန်လာပြီးကတည်းက အိမ်ပေါ်တက်သွားတာ အခုထိမဆင်းလာဘူး...''
''သူ အိမ်ပေါ်ကမဆင်းလာတာနဲ့ ဘာလို့ နေမကောင်းဘူးလို့ ထင်ရတာလဲ...''
''အာ....ဟို အိမ်ပြန်လာတုန်းက မျက်နှာလည်း သိပ်မကောင်းလို့ပါ...''
''ဟူး.....ဟုတ်ပါပြီ..! ညစာစားဖို့ ပြင်ထားလိုက်..! ကိုယ် သားကိုသွားခေါ်ပြီး ဆင်းလာပါ့မယ်..''
°~°~°~°~°~°~°~°~°~
knock..! knock...
''သား...!''
''သားငယ်...! ညစာစားရအောင်လေ..! Appaနဲ့အတူစားဖို့ Kyungsooကို ပြင်ခိုင်းထားပြီ''
''………………''
သားတော်မောင်ရဲ့အခန်းထဲက ဘာလှုပ်ရှားသံမှမကြားရဘဲ တိတ်ဆိတ်နေပါသည်။
Knock...! Knock....!
''Appaကလေးလေး...! အိပ်ပျော်နေတာလားကွာ...! Appaဗိုက်ဆာနေပြီနော် Baby...''
''အား... ဗိုက်တွေတောင် အောင့်လာသလိုပဲ.. Puppyလေးရေ... အ့...''
|click...!|