Unicode
အချိန်အတော်ကြာပတ်ကြည့်နေတာတောင် ခွေးတစ်ကောင်ကြောင်တစ်မြှီးမှရှာလို့မတွေ့သေးဘူး..ပတ်၀န်းကျင်နယ်မြေတစ်ခုလုံးက ခြောက်ကပ်ပြီးတိတ်ဆိတ်နေတယ်
အဆုံးမှာတော့ အန်းစုရဲ့IQကလိုင်းပေါ်ပြန်တက်လာပြီး လမ်းမှန်ကိုကံကောင်းထောက်မစွာရှာတွေ့သွားကြတယ်
အဲ့လိုနဲ့ အချိုးအကွေ့ပေါင်းများစွာဖြတ်သန်းပြီးတဲ့နောက်မှာတော့ ရှေးဟောင်းအိမ်တော်ကြီးတစ်ခုရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြတယ်ထူးဆန်းတဲ့လူတစ်စုက အဆောက်အအုံအရှေ့မှာ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြတယ် တချို့တွေက ဘုန်းတော်ကြီးသင်္ကန်းကို၀တ်ဆင်ထားတယ် တချို့ကတော့အနောက်တိုင်း၀တ်စုံတွေ၀တ်ဆင်ထားပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တူတယ် တချို့တွေဆိုရင် ကျောင်းသား၀တ်စုံတွေကိုတောင်၀တ်ထားကြသေးတယ်
လူတိုင်းကခပ်တိုးတိုးပြောနေကြတာကြောင့် သူတို့ဘာပြောနေလဲဆိုတာကို ခပ်လှမ်းလှမ်းကနေမကြားရဘူး..
ရှီရှန်းက လူအုပ်နဲ့ခပ်လှမ်းလှမ်းမှာတစ်ယောက်တည်းရပ်နေတဲ့ဖုန်းကျင်းကိုလှမ်းမြင်လိုက်တယ် သူတို့ကြားမှာသွေးစာချုပ်ရှိနေတာဖြစ်လို့ ရှီရှန်းရောက်လာတဲ့အချိန်မှာ ဖုန်းကျင်းလည်း တစ်ခုခုကိုခံစားလိုက်မိပုံရပြီး ပတ်၀န်းကျင်ကိုလှမ်းကြည့်တယ် အဲ့လိုနဲ့သူတို့တွေအကြည့်ချင်းဆုံသွားကြတယ်
ရှီရှန်းကိုမြင်လိုက်တော့ ဖုန်းကျင်းကပြသနာတစ်ခုခုတော့တက်တော့မလိုခံစားမိလိုက်တယ်
နောက်ဆုံးတော့လည်း သူမကဒီကိုရောက်အောင်ကိုလာခဲ့သေးတာပဲ..
သူက ပတ်၀န်းကျင်ကိုအကဲခတ်လိုက်ပြီး ဘယ်သူမှ သတိမထားမိတာသေချာမှ လူအုပ်ထဲကနေခွဲထွက်ခဲ့ပြီး ရှီရှန်းဆီလာခဲ့တယ်
သူကရှီရှန်းဆီရောက်တာနဲ့ သူမရဲ့ပုခုံးနှစ်ဖက်ကိုဖမ်းချုပ်ပြီး နံရံမှာ ဖိကပ်ထားကာ သူ့ခန္ဓာကိုယ်နဲ့အုပ်မိုးပြီး ခပ်တိုးတိုးမာန်မဲလိုက်တယ် "ဘာလို့အဲ့လောက်တောင် စကားနားမထောင်ရတာလဲ.."
ESTÁS LEYENDO
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Novela JuvenilThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.