Unicode
*18+ပါမှာမို့မဖတ်ချင်ရင် ကျော်သွားကြပါ။*
ဒီလိုနဲ့ တိမ်တိုက်တို့ ခယောင်းအိမ်မှာနေတာ တစ်ပတ်လောက်ရှိသွားပါပြီ။ ကျောင်း အသွားအပြန်အတူတူဘဲ။ ဒီနေ့ကျောင်းသွားတော့လဲ တူတူဘဲ။ ခယောင်းစာသင်ခန်းထဲ ရောက်တော့ မင်းခန့်က ပြောလာသည်။
"ငါ့မွေးနေ့ ဘာေပးမှာလဲ မိခေယာင်း"
"ဟမ် ဘာမွေးနေ့လဲ""ဒီနေ့ ငါ့မွေးနေ့လေ မေ့နေတာလား😟"
"အော် ဟုတ်လား ညကျရင် အရင်လို ပါတီလုပ်မှာဘဲမလား"
"အင်း နေပါတော့ မင်းကို မခေါ်တော့ဘူးး"
"ဟီး မင်းမင်းကလဲ ကိုကြီးခယောင်းတို့က စတာပါကွာ"
"ဟွန့် သူများဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ကို သဝါး"
မင်းခန့်က အခြောက်လို နွဲ့ပြီး ခယောင်းကို ချွဲပြနေတာကို အနောက်က မိုးမခနဲ့ သီရိတို့ကြည့်မရ။အကောင်တွေ တော်တော်ယွ ဆိုပြီးသာ တွေးနေကြသည်။
ဒီတိုင်း သူငယ်ချင်းတွေ မွေးနေ့ဆိုရင် ခယောင်းတို့ စဉ်းစားရခက်သည်။မိဘတွေကလဲ ပြည့်ပြည့်စုံစုံထားနိုင်တော့လဲ ဘာပေးရမှန်းမသိ သူတို့လိုတာလဲမရှိတော့။
"ညမှ ကြည့်လိုက်လေ surpriseပေါ့"
"ဟုတ်ပါပြီကွာ"စာသင်ပြီးတော့ တိမ်တိုက်နဲ့ ခယောင်းတို့ ထမင်းတူတူစားကြတုန်း မင်းခန့်က တိမ်တိုက်ကိုဖိတ်လိုက်သည်။
"ဆရာ ဒီနေ့ကျွန်တော့်မွေးနေ့ ညနေပိုင်းလောက်အားရင်လာခဲ့လေ ခယောင်းနဲ့တူတူပေါ့"
"ဆရာမအားဘူး ဆေးရုံသွားရမှာ လက်ဆောင်တော့ ထည့်ပေးလိုက်မယ်လေ"
"ဟားး မလိုပါဘူးဗျာ "
"ဟုတ်ပါပြီကွာ မွေးနေ့မှာ ပျော်ရွင်ပါစေ မောင်မင်းခန့်ဇင်"
"ကျေးဇူးပါဗျာ"
ညနေလဲရောက်တော့ ခယောင်းက မင်းခန်းတို့အိမ်သွားဖို့ပြင်ဆင်နေလိုက်သည်။ ပြီးတော့ ည6နာရီလောက် တိမ်တိုက်က မင်းခန့်အဖို့ ပေးတဲ့လက်ဆောင်ရယ် ခယောင်းက ပေးဖို့လက်ဆောင်ရယ် ယူပြီး ကားနဲ့ မင်းခန့်တို့အိမ်ကို သွားလိုက်တယ်။ရောက်တော့ မင်းခန့်ရော သူငယ်ချင်းတွေရော အသိတချို့ကော ပွဲစနေကြပြီ။ အရက်တို့ ကော့တေးတို့ ဝိုင်တို့ ပါနေတာကို တွေ့လိုက်ရတယ်။အိမ်ထဲကို ခယောင်းဝင်လာတာ မင်းခန့်ကတွေ့တော့ "ဟျောင့် ငါ့ကောင်ကြီး နောက်ကျလှပါလား"
အခုမှ ၆နာရီကျော်ကျော်ရှိသေးတာ သေချာတယ် ဒီကောင် အစောကြီးကို မူးနေပြီ။ ခယောင်းက သယ်လာတဲ့အထုပ်တွေကို ခုံတခုံပေါ် ချလိုက်ပြီး မင်းခန့်ကမ်းပေးတဲ့ အပြာကြည်ရောင် ကော့တေး တခွက်ကို ယူလိုက်သည်။
"ဟုတ်မှလဲ လုပ်ပါကွာ မင်းအသက်ပြည့်တာနဲ့ဘဲ သောက်လို့ရပမလား မင်းအဖေက မဆူဘူးလား"
YOU ARE READING
Dear My Doctor
RomanceUnicode "အချစ်တဲ့လား ဟင့်အင်း အချစ်ဆိုတဲ့ အရာကို ငါမယုံဆုံးဘဲ ငါ့အတွက်က ယောင်္ကျား မိန်းမ အရေးမကြီးပါဘူး အချစ်ကို ယုံအောင် လုပ်ပေးနိုင်မယ့်သူ ရှိလာရင် ကျေနပ်ပါပြီ..." ---ခယောင်းရှင် "ယောင်္ကျားလေးချင်း ချစ်ရမယ်လို့ ဘဝမှာ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး ကျ...