အိုသစ်ရွက်တွေ ကြွေတဲ့နွေ
ကို့အသည်းတွေလည်း တဖြုတ်ဖြုတ်ကြွေခဲ့ရပါတယ်မိုးစက်တွေ ကောင်းကင်ကြီးပေါ်က ကျဆင်းလာသလို
ကို့ရဲ့အလွမ်းတွေကလည်း မိုးစက်တွေလိုမအေးပဲ
မျက်လုံးတွေကနေအရည်ပူတွေ ကျဆင်းနေခဲ့တယ်မိုးနဲ့သီချင်းတွေကလွဲရင် ကို့ရဲ့ခံစားချက်တွေကို
ဘယ်သူ့ကိုမှ ထုတ်မပြောတတ်ဘူးနှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေ
နာကျင်တယ်ဆိုတာ ဘာဆေးနဲ့မှကုမရသလို
ဘယ်သူနဲ့မှလည်း အစားထိုးကုသမရခဲ့ဘူးမင်းမကြိုက်တာတွေကို ရှောင်မိလာတယ်
မင်းကြိုက်တာတွေကို ကိုမကြိုက်လဲလုပ်မိလာတယ်
ဘယ်သူပြောပြောနားမ၀င်တော့ပေမယ့်
မင်းရဲ့ဆူပူတဲ့စကားလေးတွေကိုတော့
အမြဲကြားနေမိတာအမှန်အိမ်မက်ထဲမှာဆုံတွေ့ရင်ပျော်နေတာ
ဘာလို့များ နိုးလာရင်မျက်ရည်ပူတွေဆင်းနေရတာလဲလမ်းခွဲခဲ့တည်းကSMSလေးတစ်ခုတောင်
မပို့ခဲ့တဲ့လူ ချောင်းတောင်မဆိုးဘူးလို့ ပြောခဲ့တဲ့ကိုက
ဒဏ်ရာတွေမရှိပဲ ရင်ဘက်ကြီးကအောင့်အောင့်နေတယ်မိုးရေတွေကိုငေးကြည့်ရင်း စီးကရက်ကိုတစ်ဖွဖွဖွားပြီး
အငွေ့တွေကိုလေထဲမှုတ်ထုတ်လိုက် နာကျင်မှုကိုသိမ်းဆည်းထားမယ်အချိန်တွေသာနောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်
ကို့မှာရှိတဲ့ဘယ်အရာကိုမဆို ပေးနိုင်ပါတယ်//KhoonChoKyi
YOU ARE READING
အလွမ်း နှင့် မိုး
Romanceအိုသစ်ရွက်တွေ ကြွေတဲ့နွေ ကို့အသည်းတွေလည်း တဖြုတ်ဖြုတ်ကြွေခဲ့ရပါတယ် မိုးစက်တွေ ကောင်းကင်ကြီးပေါ်က ကျဆင်းလာသလို ကို့ရဲ့အလွမ်းတွေကလည်း မိုးစက်တွေလိုမအေးပဲ မျက်လုံးတွေကနေအရည်ပူတွေ ကျဆင်းနေခဲ့တယ် မိုးနဲ့သီချင်းတွေကလွဲရင် ကို့ရဲ့ခံစားချက်တွေကို ဘယ်သူ့ကိုမ...