Part 1

5.9K 410 21
                                    

Unicode

အချိန်တစ်ခုရှိခဲ့ဖူးတယ်။
သူကိုယ်တိုင်ရဲ့ limit ကို၊ သူကိုယ်တိုင်ရဲ့ သည်းခံနိုင်ရည်စွမ်းကို သူသိတယ်လို့ထင်ခဲ့ဖူးတဲ့အချိန်ပေါ့။
စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာမှာပါ နာကျင်မှုကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲ။
ဘယ်လောက်ထိနာကျင်ရမှ သူစိတ်လျှော့မှာလဲ။
ဒူးခေါင်းတွေသွေးချင်းချင်းနီတဲ့အထိလား၊ ဒါမှမဟုတ် စကားသံမထွက်နိုင်လောက်အောင် လည်ချောင်းတွေ အက်ကွဲတဲ့အထိလား၊ ဒါမှမဟုတ် လက်ချောင်းလေးတွေ ထုံကျင်သွားတဲ့အထိလား၊ ဘယ်လောက်ထိကြာမှ ကြမ်းပြင်ပေါ်မှာ သတိလစ်သွားမှာတဲ့လဲ။

ဒါပေမယ့်လည်း ရုတ်တရတ်ကြီး အရာအားလုံးက ပြောင်းလဲသွားပြန်တယ်။
သူ့ဘက်က ဘာကိုမှ လက်လျှော့စရာမလိုတော့ဘူး။
သက်တောင့်သက်သာနေရင်း ဘဝကြီးကိုဖြတ်သန်းရုံပဲ။
ဒါဟာလည်း နာကျင်မှုတစ်မျိုးပဲ.....ဘာမဟုတ်တာလေးတွေအတွက် ဒုက္ခခံခဲ့တာကို နားလည်မိခြင်းကပေါ့။

ဘယ်သူမဆို.....သူ့နေရာမှာ ဘယ်သူမဆို သူ့လိုပဲလုပ်ခဲ့မှာပဲ။
ဒီအရာကို လက်ဆုပ်လက်ကိုင်ရထားဖို့အတွက်ဆို လူတိုင်းသူ့လိုပဲလုပ်မိမှာပဲ။

နောက်ပြန်ဆုတ်စရာမရှိတော့ဘူး။

လုံး၀။

အေးစက်နေတဲ့ အာရုဏ်ဦးနေ့သစ်ထဲကို အကာအကွယ်ပေးမယ့် အင်အားကြီးမားတဲ့ ခင်ပွန်းသည်မပါပဲလည်း ရှေ့ဆက်တိုးရမှာပဲ။

သူသက်သေလည်းပြပြီးခဲ့ပြီမဟုတ်လား။
ဒီကာကွယ်မှုကလည်း မလိုအပ်ဖူးဆိုတာကို။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

မနက်ခင်း စိုထိုင်းထိုင်း မှိုင်းညို့ညို့။
လေအေးက အပေါစား ဘွတ်ဖိနပ်ကိုဖြတ်တိုက်လို့ ခြေချောင်းလေးတွေကို အေးခဲစေတယ်။
မှုခင်းထောက်လှမ်းအဖွဲ့ ဓာတ်ပုံရိုက်တာ၊ sample ယူတာတွေပြီးအောင်စောင့်နေရင်း အအေးဓာတ်ပျယ်အောင် ခြေထောက်ကိုခါနေမိတယ်။
ကော်ဖီပူပူလေးတစ်ခွက် လက်ထဲရှိနေရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။
မနက်က နှိုးစက်သံမကြားပဲဆက်အိပ်နေမိတာမလို့ စခန်းရှေ့က ကော်ဖီလှည်းလေးကပင် ကော်ဖီဝယ်ချိန်ပင်မရလိုက်။
အခုတော့ ချမ်းချမ်းစီးစီးထဲမှာ အနွေးဓာတ်လေးပေးမယ့် ကော်ဖီလေးမရှိပဲ မတ်တပ်ရပ်နေရပြီလေ။

Someone, Custom, To Give Your Darkness To (Translation)Where stories live. Discover now