မနက်မိုးလင်းရင် နေထွက်လာတာ ဘာဖြစ်လို့လဲ..။
ညနေနေဝင်သွားရင် ညရောက်လာတာ ဘာဖြစ်လို့လဲ..။
ကောင်းကင်ကြီးပြာနေတာဘာဖြစ်လို့လဲ..။
ရေတွေစီးဆင်းနေတာဘာဖြစ်လို့လဲ...။
................#...............#..............#...........................
"ဘာဖြစ်လို့လဲ"ဟူသောအတွေးစများနှင့်အတူ
နောင်၏မျက်ဝန်းထဲတွင် မျက်ရည်ကြည်များပြည့်လျှံလာသဖြင့် လျှံထွက်မသွားစေရန်တင်းခံထားရသည်။အစ်ကိုလက်ထပ်တော့မယ် ဟုအစ်ကို့ဖက်မှပေါ့ပါးစွာပြောလာခဲ့သော်လည်း ကြားရသူကျွန်တော့်အတွက်တော့ အံသြခြင်းများစွာ၊ မယုံကြည်နိုင်ခြင်းများစွာဖြင့် ဆွံ့အနေမိသည်။
အစ်ကို့ဘက်ကတော့ဘာမှမဖြစ်သလိုပင်။ တရုတ်စံကားပင်ကိုမှီကာ လက်ပိုက်၍ရပ်နေသောအစ်ကိုသည် တည်ငြိမ်လွန်းလှသည်။
တိတ်ဆိတ်မှုကို ကျွန်တော်ကပင် စတင်ဖြိုခွင်းကာ..
"အစ်ကိုတကယ်လက်ထပ်မှာလား။ အစ်ကိုမဝတီကိုတကယ်ချစ်လို့လား။အရင်အပတ်ကblind dateလုပ်တယ်အခုအပတ်လက်ထပ်မယ်ဆ်ိုတော့ မမြန်လွန်းဘူးလားအစ်ကို။
သေချာစဥ်းစားပါအုံး။ အစ်ကိုမဝတီကိုမချစ်ဘူးမလား။
ဟုတ်ပါတယ် အစ်ကိုမချစ်ပါဘူး။ ဘာ့လို့လဲအစ်ကို။
ဖြေလေ ။ဘာ့လို့လဲလို့။ ကိုယ်မချစ်တဲ့မိန်းမတစ်ယောက်ကိုဘာ့လို့အစ်ကိုလက်ထပ်မှာလဲ"အစ်ကိုသည်တရုတ်စံကားပင်ကိုမှီနေရာမှကျွန်တော့်ရှေ့တည့်တည့်သို့လှည့်ကာ ......
စူးရှလှသော၊ကျွန်တော်အစဥ်အမြဲစွဲမက်ရသော
မျက်လုံးများဖြင့်
ကျွန်တော့်ကိုစေ့စေ့ကြည့်ရင်း......."နောင်က
ဘာဖြစ်လို့ကိုယ်မဝတီကိုမချစ်ဘူးလို့ပြောနေရတာလဲ။
ကိုယ်ချစ်တယ်လေ။ချစ်လို့ပဲလက်ထပ်မှာပေါ့။ကိုယ်မဝတီကို
တကယ်ချစ်တယ်""မဟုတ်ဘူး..။ညာတာ။အစ်ကိုညာနေတာ.။အစ်ကိုကိုယ့်ကိုကိုယ်လဲညာတယ်။ကျွန်တော့်ကိုလဲညာတယ်။ အစ်ကိုမဝတီကိုတကယ်မချစ်ဘူးမလားဟင်။အစ်ကိုချစ်တာကျွန်တော်လေ။
ကျွန်တော့်ကိုအစ်ကိုချစ်တာကျွန်တော်သိတယ်။ ကျွန်တော်လည်းအစ်က်ို့ကိုချစ်တယ်လေ။ အစ်ကိုလည်းကျွန်တော့်ကိုချစ်တယ်မလား..။"
YOU ARE READING
SILENCE (One Short)
Short Storyအချို့ကပြောကြတယ်...။ ပြောစရာစကားမရှိတော့တဲ့လူတစ်ယောက်ဟာ..... တိတ်ဆိတ်သွားတတ်သတဲ့။ ဒါဆို... တိတ်ဆိတ်သွားတဲ့လူကရော်........ .........Just fiction.......