Rain or Bi

374 59 21
                                    

Unicode
             

ကျွန်တော်ဟာ တစ်စုံတစ်ယောက်ရဲ့ မိုးစက်ကလေးဖြစ်ခဲ့ဖူးတယ် အင်းအခုထိလည်းဖြစ်နေတုန်းပါပဲ သူက ကျွန်တော့်ကို Bi လို့ခေါ်တယ် အဓိပ္ပါယ်ကတော့ "မိုး" တဲ့

<   <  <  <  <  < 

"ဟာ ကျစ် မိုးရွာလာပြန်ပြီ ဒီလိုမျိုး ကျောင်းဆင်းချိန်တိုင်း ဘာလို့မိုးအမြဲရွာနေရတာလဲ"

ထီးမယူလာမိသည့်ကျွန်တော်ဟာ လွယ်အိတ်ကိုပိုက်ကာခပ်သွက်သွက်လျှောက်လာရင်း မိုးကိုသာအပြစ်ဆိုနေမိတော့သည်
မိုးဆိုတာကတော့ကျွန်တော်နဲ့ ရန်ဘက်တွေလိုပါပင် စိုစိုစွတ်စွတ်နဲ့မိုးရာသီကိုဘယ်တုန်းကမှကျွန်တော်သဘောမကျခဲ့ တစ်ကယ်ပဲဒီလိုရာသီဥတုကိုသဘောကျတဲ့သူဘယ်မှာရှိမှာလဲ အင်း ငယ်   ေသး
တဲ့အရွယ်မို့ ဤသို့ထင်ခဲ့မိတာ  ေပါ့ ဒီလောကမှာမိုးကိုသ ေဘာ ကျတဲ့သူမရှိ  လောက်ဖူးလို့လေ.......ဘယ်သူသိနိုင်မှာလဲကျွန်  ေတာ် ရဲ့ထင်မြင်ချက်က မှားယွင်း  ကြောင်းကိုအဲ့ဒီ နေ့မှာပင်ကျွန်တော်လက်ခံလိုက်ရသည်ဆိူတာကို.....
ဤသို့ တစ်ယောက်ထဲရေရွတ်ရင်းလျှောက်လာမိရာက

ကျွန်တော့်ဘဝကိုအရာရာ ပြောင်းလဲသွားဖို့အစပြုလာတဲ့ကံတရားဟာ  ကျွန်တော်ဆီသို့ထိီးလေးတစ်ချောင်းနှင့်အတူရောက်လာခဲ့လေ၏

"ထီးမပါလာဘူးလား "

လှည့်ကြည့်မိတဲ့အခါ ခပ်သေးသေးထီးကလေးကိုကျွန်တော့်အားစောင်းပေးရင်းစကားဆိုနေသောလူသား

" nae အိုမားကထီးယူသွားဖိုဲ့ ပြောပေမယ့်ကျွန်တော်ကမရွာလောက်ဖူးထင်ပြီးထားခဲ့မိတာ"

"ဒါဆိုငါ့ထီးနဲ့အတူစောင်းကြတာပေါ့ မဟုတ်ရင်မင်းစာအုပ်တွေအားလုံးစိုကုန်လိမ့်မယ်"

"အာ ဟုတ် ကျေးဇူးတင်ပါတယ်"

အနည်းငယ်သေးတဲ့ထီးကလေးဟာ ကျွန်တော်တို့နှစ်ယောက်အတွက်သိပ်မလုံ ခြံုပေမယ့် ကျွန်တော်တို့လွယ်အိတ်တွေကိုတော့ရေမစိုအောင်ကာကွယ်ပေးနိုင်ခဲ့ပါတယ်

"မိုးရာသီကိုသဘောကျလိုက်တာ "

ထီးကလေးတစ်ချောင်းနဲ့နှစ်ယောက်သား ဒီလောက်ဗြာများနေရတာကိုတောင်ထိုလူသားက မိုးရာသီကိုကြိုက်သည်ဟုဆိုလာတော့အံသြမိပြန် သို့ေသာ်ကျွန်တော်ဘာစကားကိုမှဝင်မဆိုခဲ့သူပြောသည်ကိုသာဆက်နားထောင်ခဲ့လေသည်

You've reached the end of published parts.

⏰ Last updated: Aug 05, 2021 ⏰

Add this story to your Library to get notified about new parts!

Rain or BiWhere stories live. Discover now