Episode (5)

563 23 3
                                    

(Uni)

ညက ဒဏ်တွေကြောင့် အိပ်မောကျနေသောကောင်လေး။မင်းစက် အရင်နိုးလာတော့ ဘေးက ကောင်ပေါက်လေးကို အရင်ဦးဆုံး ကြည့်နေသည်။ အိကျနေသော ဆံနွယ်လေးတွေကို ဖယ်ရှားရင်း မျက်နှာနူးနူးအိအိလေးက semeလုပ်ချင်သည်ဟု အော်ကြွေးခဲ့သည်ကို သတိရမိတော့ ခစ်ခနဲ ရယ်မိသည်။ (semeလုပ်ချင်တဲ့အပိုင်းကို မသိရတေးတဲ့သူတွေက Invisible love ထဲမှာ ပါပါတယ်။ accထဲမှာရှိပါတယ်နော်...)

မနက်ခင်းအလင်းရောင်က ဖြူဖွေးနေသော ခြေသလုံးလေးပေါ်ကို ကျရောက်တာကို မြင်လိုက်ရတော့ ဂလုခနဲဖစ်သွားကာ...

"စိတ်ထိန်း....စိတ်ထိန်း....။'' စောင်အပါးလေးကို ခြုံပေးလိုက်ရင်း နှာဖူးလေးကို တစ်ချက် အနမ်းပေးလိုက်သည်။ ထို့နောက် ကုတင်ပေါ်က ဆင်းကာ ဘာတွေရှိမလဲ ကြည့်လိုက်တော့ ရေခဲသေတ္တာထဲတွင် နွားနို့ဘူးတွေ့သည်။ တည်ဖို့ ထည့်စရာယူလိုက်ပီး gasမီးဖိုကို မီးဖြည်းဖြည်းလေးဖြင့် ဖွင့်ထားကာ တည်ထားလိုက်သည်။ ထို့နောက် မျက်နှာသစ် သန့်ရှင်းရေးလုပ်ရန်အတွက် bathroomထဲ ဝင်သွားသည်။
~~~~~~~~~~~~

"ဘာ Details မှ မရလာတဲ့အပြင် လူပါ အသတ်ခံလိုက်ရတယ်ပေါ့။ မင်း စွလုပ်ကို ဘယ်လိုတွေလုပ်နေတာလဲ....ဟမ်း!!'' Speaker မဖွင့်ထားပေမဲ့ ဟိန်းခနဲထွက်နေကာ wisonခမျာ စိတ်ပျက်နေသည်။

"Sorry Dad....''

"ဟိုကောင် သားက မင်းကို လုပ်ပြသွားတာ တွေ့လား။ ငါတို့ကို အချဉ်တွေမှတ်နေတာ။ ပြီးတာတွေလဲ ပြီးပြီ ငါလဲ ထပ်မပြောချင်တော့ဘူး။ ဒါပေမဲ့ မင်း အလုပ်ကို သေသေချာချာလုပ်။ ဒီလိုအရည်အချင်းမျိုးနဲ့များ ငါမရှိတော့ရင် ဒီနေရာ မင်းဘယ်လိုအုပ်ချုပ်ပီး နေမှာလဲ...''

"အင်းပါ နောက်မဖစ်စေရတော့ပါဘူး....''

"အေအေး ပီးရော သူ့ကို မျက်ခြေမပျက်စေနဲ့။ ''

"အင်း...Dad....'' ပြောပီးသည်နှင့် ဖုန်းချသွားတော့... 'ဝုန်း....' ဖုန်းကို နံရံဘက်ကို ပစ်ပေါက်လိုက်ကာ ဒေါသတွေထွက်နေသည်။

"ငါ့ကိုများ ဟိုကောင်နဲ့ နှိုင်းပီးပြောတာလောက် အသည်းပေါက်တာမရှိဘူး။ ခွေးကောင် john၊ perfect ဖစ်လွန်းနေတယ်ပေါ့လေ။ မင်း အားနည်းချက်ကို ရအောင်ရှာပြမယ်...။ '' ဘေးနားကို တစ်ချက်ကြည့်ကာ သူ့တပည့်ကို လက်ယှက်ခေါ်လိုက်သည်။

The love on you💜Where stories live. Discover now