Chapter - 57

4.3K 836 17
                                    

Unicode

ဝက်ပေါင်ခြောက်ပျားရည်ကင်
________________

ရှီချင်စားသောက်ဆိုင်ရဲ့တည်ဆောက်မှုတွေ ပြီးဆုံးသွားတဲ့အခါ ဒီဇိုင်နာလေးရှောင်လျိုမှာ စာချုပ်ကို အဆုံးသတ်ချင်စိတ်စောနေပြီး ဒီပရောဂျက်ကြီးကို လတ်စသတ်ချင်နေတော့၏။

ပြန်တည်ဆောက်တာပြီးသွားတဲ့နေ့မှာ သူက သူ့အလုပ်အပ်သူနဲ့ နောက်ဆုံးတစ်ကြိမ်ဆွေးနွေးသည်။ ရှောင်လျိုက လင်ရှုယီရဲ့မျက်နှာလေးကိုတောင်မတွေ့ဘဲ လင်ရှုယီ အဝေးရောက်နေချိန်ကို အခွင့်အရေးယူလျက် လုပ်ငန်းခွင်ကနေ လင်ရှုယီကို ဖုန်းလှမ်းဆက်သည်။

"ဟုတ်ပြီလေ...အခု အကုန်လုံးလည်းပြီးသွားပြီ၊ ပြီးတော့ မနက်တုန်းက မင်း လာကြည့်သေးတော့ နောက်ဆုံးတောင်းဆိုချက်တွေများ ရှိသေးလား? မင်း စိတ်မကျေနပ်တာ ဘာရှိလဲ?"

လင်ရှုယီ စဉ်းစားကြည့်လိုက်သည်။ မနက်တုန်းက သူသွားကြည့်တော့ သူမကြိုက်တာ ဘာမှမရှိ။ တကယ်တော့ သူ ဒီဇိုင်းကိုအရမ်းသ‌ဘောကျတယ်ရယ်။ ဒီဇိုင်နာရဲ့အသက်ကငယ်နေတယ်ဆိုပေမယ့် သူက ဒီဇိုင်နာလောကမှာ အကြောင်းရှိလို့ကျော်ကြားနေတာပဲလေ။ ရှောင်လျိုက စားသောက်ဆိုင်ရဲ့ပြန်မွမ်းမံမှုမှာ သူ ဘာလိုချင်တယ်ဆိုတာကို အတိအကျသိနေပြီး သူ့စိတ်ကို အပြည့်အဝနားလည်နေသလိုပဲ။

"ဘာမှမရှိပါဘူး။ အကုန်ကောင်းတယ်၊ ကျွန်တော် အတော်လေးစိတ်ကျေနပ်ပါတယ်။"

လင်ရှုယီက ရေတစ်ငုံသောက်လိုက်ပြီး သူ့အသံကို နည်းနည်းတိုးလိုက်သည်။

ရှန်ဖူက သူ့ဘေးမှာလှဲနေကာ မျက်လုံးတွေပိတ်ထားသည်မို့ အိပ်ပျော်နေတာဖြစ်လောက်သည်။ မနေ့ညက ရှန်ဖူ သန်းခေါင်ကျော်တဲ့အထိ ဖုန်းတစ်လုံးနဲ့ ဘာတွေနဲ့များတစ်ညလုံးအလုပ်ရှုပ်နေရလဲဆိုတာ လင်ရှုယီမသိ။ သူက အသံတိုးတိုးနဲ့ ဖုန်းတွေအများကြီးခေါ်တာမို့ လင်ရှုယီ သေချာမကြားရ၊ ပြီးတော့ သူက အဲ့အကြောင်းကို ရှန်ဖူ့အားမမေးပါချေ။

မနက်တုန်းက လင်ရှုယီ တိတ်တိတ်လေးထွက်သွားဖို့လုပ်နေတုန်း မမျှော်လင့်ထားဘဲ ရှန်ဖူ့ကိုနိုးသွားစေသည်။ ပြီး လင်ရှုယီ စားသောက်ဆိုင်ကိုသွားမယ်ဆိုတာလည်းကြားရော ရှန်ဖူက အိပ်ချင်မူးတူးနဲ့ အဝတ်အစားထလဲပြီး သူနဲ့ အတင်းလိုက်လာတော့သည်။  ဒါပေမယ့် သူတို့ပြန်ရောက်လာပြီးတာနဲ့ရှန်ဖူက ဆိုဖာပေါ် ပြုတ်ကျသွားပြီး ခုံနဲ့မထိခင်မှာပင် မျက်လုံးတွေပိတ်သွားခဲ့၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now