(7)

978 178 39
                                    

(Unicode)







ခပ်သွေ့သွေ့တိုက်နေတဲ့ လေပြည်အေးအေးနဲ့အတူ ဆေးရုံခန်းထဲရှိ လိုက်ကာဟာ တလူလူလွင့်နေတယ်။ကျွန်တော် စိတ်အခြေအနေ လုံးဝမကောင်းစွာနဲ့ ပြတင်းပေါက်ဘေးနားက ထိုင်ခုံမှာထိုင်ပြီး ကုတင်ပေါ်ကလူနာကို မှုန်ကုတ်ပြီး လှမ်းကြည့်နေမိတယ်။

သုံးရက်!!!သုံးရက်ရှိပြီ သူသတိလစ်နေတာ။မသိတဲ့လူတွေကြားရင် ဆယ်ထပ်တိုက်ပေါ်က ပြုတ်ကျထားတယ်လို့ ထင်နေကြဦးမယ်။ကားနဲ့ ဒီအတိုင်းလေး ဆောင့်မိရုံပဲကို။သုံးရက်လောက် မေ့မြောနေစရာလိုလို့လား...

ကျွန်တော့်မှာ သူ့ကြောင့် ရခါနီးမိန်းမက စွန့်ပစ်သွားပြီဖြစ်သလို ကားသမားဘက်ကိုလည်း လျော်ကြေး၇သိန်းက အိတ်စိုက်ပေးလိုက်ရသေးတယ်။အရင် သူ့ကိုပေးစရာရှိတဲ့ အကြွေး၂သိန်းကို ချေလိုက်ရင်တောင် ၅သိန်း သူ့ဆီက ပြန်ရစရာရှိနေတာ...

အဲ့ဒါကို သူက အခုထိ သတိလစ်နေတုန်း။ဒီလိုနဲ့ ပိုက်ဆံငါးသိန်း ဆုံးတော့မှာမဟုတ်ဖူးလား။ပိုက်ဆံအကြောင်း မကောင်းတာ တွေးမိသွားတာနဲ့ ကျွန်တော့်မျက်ရိုးတွေ ထိုးကိုက်လာပြီး ရင်ထဲကပါ အသက်ရှုရခက်လာတယ်။

Oh Sehunရေ ပိုက်ဆံအရင်လာဆပ်ပြီးမှ သတိဆက်လစ်လို့မရဘူးလားကွာ။ငါ ရင်တွေ တော်တော်ပူလွန်းလို့ပါ။

"ကြည့်ရတာ မင်း Sehunကို တော်တော်စိုးရိမ်နေတဲ့အတိုင်းပဲနော်...ကြည့်ပါဦး ချွေးစေးတွေတောင် ထွက်နေပြီ"

တစ်ချိန်လုံး ဘေးမှာ ငြိမ်ကုတ်ပြီးထိုင်နေခဲ့တဲ့ Chanyeolရဲ့စကားကြောင့် Sehunဆီကအကြည့်တွေကို သူ့ဆီကိုပို့လိုက်တယ်။ဒီနေ့ မနက် အစောဆုံးလေယာဉ်နဲ့ ဆိုးလ်ကိုပြန်လာခဲ့တဲ့ Byun Baekhyunနဲ့Park Chanyeolဟာ ဝတ်ထားတဲ့ ဆင်တူအင်္ကျီတွေကိုပင် မလဲပဲ ဆေးရုံကိုရောက်လာတာဖြစ်သည်။

နေပါဦး။YouTube blogရိုက်တာက ဆင်တူဝတ်စရာလိုလို့လား။ထိုမေးခွန်းက ပါးစပ်ဝမှာတင်တစ်နေခဲ့ပြီး မမေးဖြစ်ခဲ့ပါ။ကျွန်တော် ခေါင်းကိုသာ သဲ့သဲ့ခါလိုက်ပြီး ခပ်ပေါ့ပေါ့သက်ပျင်းတစ်ခုကို ချလိုက်တယ်။

"သူ့ကိုစိတ်ပူတာထပ် ငါ့ပိုက်ဆံငါးသိန်းကိုစိတ်ပူတာ...လူကမှ မွဲနေရတဲ့ကြားထဲ။ဒုက္ခိတ ပျားတုတ်"

Friend Zone's Benefits(Z+U)Where stories live. Discover now