ကျွန်တော့ ကလေးဆိုးလေး
ကျေးငှက်သံလေးတွေနဲ့ သာယာလှပတဲ့ မနက်ခင်းလေးတစ်ခုတွင် ဝမ်အိမ်တော်၌
ဝမ်မား"ဝမ်လေး ထတော့လေ ကျောင်းသွားရမယ်"
ရိပေါ်"မားခဏလေးပဲ ငါးမိနစ်ပဲနော် နော် နော်"
ဝမ်မား"မင်းရဲ့ ပါးကိုခေါ်လိုက်ရမလား"
ရိပေါ်" ထပြီ ထပြီ ပါးကိုတော့မခေါ်ပါနဲ့ ခဏနေ သား အောက်ထပ်ဆင်းလာခဲ့မယ်"
ဝမ်မား"ပြီးရော"
ရိပေါ်ရေချိုးပြီးဆင်းလာတော့ ထမင်းစားဝိုင်းမှ မားကနေ
ဝမ်မား "ဝမ်လေးလာထမင်းလာစား"
ဝမ်ပါး" ဝမ်လေး ပါးသူငယ်ချင်းရဲ့သားကိုသိတယ်မလား"
ရိပေါ်"သိတယ် ရှောင်းကျန့်မလား"
ဝမ်ပါး"အင်းသူ့ကိုသားတို့ကျောင်းပြောင်းခိုင်းမလို့ ပြီးတော့ သူအိမ်နဲ့ကျောင်းနဲ့က ဝေးတယ် ပါးတို့အိမ်မှာလာနေလိမ့်မယ်"
ရိပေါ်" ဟင်း...."
ဝမ်မား "ဘာတွေသက်ပြင်းချနေတာလဲ ဝမ်လေး"
ရိပေါ်" မဟုတ်ပါဘူးသားကျောင်းသွားတော့မယ်"
ဝမ်ပါး" အေးကောင်းကောင်းသွားနော်"
-----------------------------
ရှောင်းအိမ်တော်၌ရှောင်းကျန့် " မားရေ မားရဲ့သားလေးကျန့်ကျန့် နိုးလာပြီး"
ရှောင်းမား "လာသားကျန့် သားကိုပြောစရာရှိတယ်"
ရှောင်းကျန့် "ပြောလေမား"
ရှောင်းပါး" သားရိပေါ်တို့အိမ်မှာ ပြောင်းနေရမယ် ကျောင်းပြီးတဲ့အထိ "
ရှောင်းကျန့် "အင်းအင်းပြီးရော....ဗျာ!!! သားက သူတို့အိမ်ဘာကိစ္စပြောင်းရမှာလဲ"
ရှောင်းမား "ပြောင်းဆိုပြောင်း"
ရှောင်းကျန့် "မားကလည်းဒီသားလေးတစ်ယောက်ထဲရှိတာကို"
ရှောင်းကျန့် စကားအပြီးမှာ ရှောင်းမားရော ရှောင်းပါးရော ငြိမ်ကျသွားသည် တကယ်တော့ ရှောင်းကျန့်မှာ ကျဲတစ်ယောက်ရှိတယ် ကျဲနာမည်က ရွှမ်းလုတဲ့ ရှောင်းကျန့် 15 နှစ် ကျဲက18 နှစ်မှာ ကျဲက ပျောက်သွားတာ အစအနတောင်ရှာလို့မရဘူး
ရှောင်းကျန့် "ဆောတီး ပါးနဲ့မား ပြောင်းနေဆိုလဲနေပါ့မယ်နော် စိတ်မဆိုးပါနဲ့"