Chapter ~ 5

743 85 7
                                    

မြို့ထဲမှာ ရဲလိုက်ခံရပြီးနေ့ကတည်းက သိသိသာသာ ငြိမ်နေတဲ့ Jisoo ကို
Yang Hyun-Suk သတိထားမိနေသည် ။ တစ်ခုခုကို တွေးနေသလိုမျိုး Jennie ကို
ကြည့်လိုက် သက်ပြင်းချလိုက်နဲ့ မျက်နှာမကောင်းတာမို့ Yang Hyun-Suk ထုတ်မေးဖို့ ပြင်ရတော့သည် ။

" J1 ... အခုတလော ဘာဖြစ်နေတာလဲ... မျက်နှာလည်း မကောင်းဘူး.. ဟို ရဲလိုက်ခံရတဲ့နေ့ကတည်းက ငြိမ်နေတာ... ဘာလို့လဲ... ကြောက်သွားလို့လား ကလေး "

Jisoo Pa Kim ရဲ့ အမေးစကားကြောင့်
တစ်ချက် တွေသွားသည် ။ ပြောသင့်
မပြောသင့်လည်း ခေါင်းထဲမှာ တွေးနေမိသည် ။ Pa Kim က သူတို့ရဲ့ ကျေးဇူးရှင်လေ ။ ဒီအလုပ် မလုပ်ချင်တော့ဘူးလို့
ပြောရင် Pa Kim စိတ်မကောင်းဖြစ်သွားမှာကို သူသိသည် ။ Jendeuk အတွက်လည်း တွေးမိပြန်တော့ စိုးရိမ်စိတ်က ပြန်ဝင်လာခဲ့သည် ။ Jisoo သက်ပြင်းရှည်ကြီး တစ်ချက်သာ ချမိလိုက်သည် ။

" ဖူး.... "

" အမလေး.. အသက်ကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ချလိုက်တဲ့ သက်ပြင်း... ဟားဟား.. ။ ကဲပါ Pa Kim ကိုပြော J1 ဘာဖြစ်နေသလဲဆိုတာ ။ ထပ်ပြီးရဲဖမ်းခံရမှာကို ကြောက်လို့လား "

" အင်း... ဟုတ်တယ် Pa Kim... Ji ကြောက်တယ် ။ ဒါပေမယ့် ရဲဖမ်းခံရမှာကို မကြောက်ပါဘူး ။ Jendeuk  ငိုမှာကို ကြောက်တာ "

Jisoo ခပ်တွေတွေလေး ငေးပြီး သူတို့အခန်းဝကို ကြည့်ကာ ပြောလိုက်သည် ။

" ဘယ်လို... J1 ya... J2 လေးငိုမှာကြောက်တာ... ဟုတ်လား "

" ဟုတ်တယ် Pa Kim... အဲ့နေ့က Jendeuk က Ji မိသွားပြီထင်ပြီး ငိုနေခဲ့တာ ။ ပြီးတော့ သူအရမ်းကြောက်နေခဲ့တာ ။ Ji လေ အဲ့အချိန်မှာ တွေးမိတာ တစ်ခုက Jendeuk ရဲ့ တုန်နေတဲ့ ပုံလေးပဲ ။ Ji တစ်ခုခုဖြစ်သွားရင်လည်း Jendeuk က ငိုနေမှာ ။  သူ တစ်ခုခုဖြစ်သွားလို့လည်း မရဘူး ။ Ji အရမ်းကြောက်တယ် ။ သူ့ကို မစောင့်ရှောက်နိုင်တော့မှာ အရမ်းကြောက်တယ် Pa Kim "

အမြဲပြုံးနေတတ်ပြီး တော်ရုံ မျက်ရည်မကျတတ်တဲ့ Jisoo က မျက်ရည်တွေ ဝေ့တက်လာပြီး ပြောနေတာကြောင့်
Yang Hyun-Suk တစ်ယောက်
စိတ်မကောင်းဖြစ်မိသွားသည် ။ တစ်ချိန်ချိန်မှာ ဒီကလေးတွေထဲက တစ်ယောက်ယောက်က အခုလို တွေးလာလိမ့်မယ်ဆိုတာ သူ ကြိုတွေးထားပြီးသားပင်ဖြစ်သည် ။
အထူးသဖြင့် အရမ်းချစ်ကြတဲ့ Jisoo နဲ့ Jennie ပေါ့ ။ မတတ်သာလို့ လမ်းမှားကို လျှောက်ခိုင်းနေရပေမယ့် သူကိုယ်တိုင်လည်း ဒီကလေးတွေ တစ်ခုခုဖြစ်သွားမှာကို အမြဲစိတ်ပူနေရသည်လေ ။

From Zero to Infinity ~~~Where stories live. Discover now