Ep-4

157 13 6
                                    

       မနက်ကတည်းကအိပ်လိုက်တာ နေ့လည်
တစ်နာရီလောက်ကြ Dahyunဗိုက်ဆာဆာနဲ့နိုး
လာခဲ့သည် ။ အပြင်မှာလည်းသွားမစားချင်တာမို့ Dahyunထည့်လာတဲ့ခေါက်ဆွဲပြုတ်ထုတ်တွေထဲက နှစ်ထုတ်ကိုသာပြုတ်လိုက်ပြီးဧည့်ခန်း
ထဲတွင်ချထားလိုက်သည် ။ Dahyunမှာဗိုက်ဆာ
နေပင်မယ့် လူကရေအရင်ချိုးချင်နေတာကြောင့်
သာရေအမြန်ချိုးလိုက်ပြီး အဝတ်အစားလဲကာ
ထွက်လာလိုက်သည် ။
          
          " ……… '' ဧည့်ခန်းထဲမှာတွေ့လိုက်ရတဲ့
မြင်ကွင်းကြောင့် Dahyunမှာပြောစရာစကားတို့
ပင်ပျောက်ရှကုန်လေသည် ။ ဘယ်က ကလေးမသာမှန်းမသိ သူမရဲ့အဖိုးတန်ခေါက်ဆွဲပြုတ်လေးတွေကို စားနေလိုက်တာများ တစ်ဘဝလုံး
ငတ်ပြတ်နေပြီးအခုမှ စားရသလိုမျိုးကိုမြိုနေတာ ။

       " ဟိတ်... မင်း... မင်း... အခုထစမ်း '' အော်လိုက်တော့ ဒီဘက်ကိုအူကြောင်ကြောင်
မျက်လုံးလေးများနဲ့ လှည့်ကြည့်လာသည် ။ တောင်းပန်စကားများပြောမလားလို့ ထင်နေသော်လည်း သူပြောလိုက်တဲ့စကားကြောင့် Dahyun မှာဒေါသထွက်လွန်းလို့ အိမ်တိုင်နဲ့
ဒင်းခေါင်းကိုသာအကြိမ်တစ်ရာလောက်ပြေး
စောင့်လိုက်ချင်သည် ။

      " Delivery လာပို့တဲ့အမလား ပိုက်ဆံပေး
မလို့စောင့်နေတာ '' တဲ့လေ....

      " ဘယ်သူက Deliveryလာပို့တဲ့သူလဲဟင်
ငါ့ ခေါက်ဆွဲပြုတ်တွေကိုလည်း စားသေးတယ်။
ငါ့ကိုလဲ Delivery သမားလေးဘာလေးနဲ့ မင်း
တောင်းပန်သင့်တာနော် ''

     " ဟင်... ဒါ ရှင့်ခေါက်ဆွဲပြုတ် နေပါအုန်း
Delivery သမားမဟုတ်ဘူးဆိုရင်ရှင်ကဘယ်
သူတုန်း သူများအိမ်ထဲဝင်လာပြီးအိမ်ရှင်ကိုတာင်အသိမပေးပဲ ခေါက်ဆွဲတွေဘာတွေတောင်
လာပြုတ်နေသေးတယ် '' 

     " ဒါက မင်းအိမ်လို့ဘယ်သူပြောတုန်း...  ဒီအိမ်အောက်ထပ်ကို ငါပိုက်ဆံပေးပြီးငှါးထားတာ စာချူ ပ်ပြရအုံးမလား ''

    " အော် အဲ့လိုလား  ဟို လေ ငယ်ကအပေါ်ထပ်မှာငှါးနေတဲ့သူပါ အိမ်ရှင်ကတော့
ပြောပါတယ် ဒါပေမယ့်လေ ဒီက အမ ​ရောက်
မယ်မထင်သေးတာနဲ့ အဲ့ဒါလာနေတာ ပြီးတော့
ခေါက်ဆွဲပြုတ်ကလည်းတိုက်ဆိုင်လို့ပါ ဟီး ဟီး... ''

ခြွေ 🍂(ခြွေ)Where stories live. Discover now