Part - 75{Unicode☆☆}

134 11 4
                                    

ဤ​နေ့မှာ နေလုံးကြီးက ပုန်းကွယ်​နေသ​ယောင်...
အလင်းတန်းတို့က မှေးမှိန်လျှက်....။

လင်းရောင်ခ​လဲ​လျောင်း​နေသည့် လူနာတင် ကုတင်ဘေးတွင်...ဦးသူရိန်ခ ဝမ်းနည်းစွာ ထိုင်​နေသည်...။
ဖြူ​ဖျော့​ဖျော့ဖြင့် သားငယ်ကိုကြည့်ကာ မျက်ရည်ဝဲစွာဖြင့်......

"သားရယ်...ဘာလို့ ဖေ​ဖေ့တို့ကို ဥက္ခာပြုရက်တာလဲ...ဖေ​ဖေ့ဘဝက သားငယ်​လေးမရှိရင် ပြည့်စုံမှာမဟုတ်ဘူး​လေကွာ...အခုကြည့်..ပြည့်စုံ​နေတဲ့ဘဝကြီးကို စွန့်ပြီး ဘာမဟုတ်တဲ့​ကောင်​ကြောင့် ဒုက္ခ​တွေခံ​နေရတယ်မလား...သား​မေ​မေသာရှိရင် ဘယ်​လောက်​တောင် ရင်နာလိုက်မလဲ...
တော်ပြီ..သားကို ထပ်ပြီး​တော့ လက်မလွှတ်နိုင်​တော့ဘူး...ထွက်သွားခွင့်မ​ပေးတော့ဘူး...သားလိုချင်တာအကုန်ဖြစ်​အောင်လုပ်​ပေးမယ်..အဲ့ဒီ​ကောင်ကို​တောင် မေ့သွားတဲ့အထိ...ဖေ​ဖေတို့ သားကို ပျော်​အောင်ထားမယ်...."

လင်း​ရောင်ခ၏နဖူး​လေးကို နမ်းလိုက်ပြီး...ဦးသူရိန်ခ ပြုံးကြည့်​နေသည်....။
ထိုမြင်ကွင်းကို အခန်းအပြင်မှ ကြည့်​နေသည့် ဟန်ဇင်ခက ကျေနပ်စွာပြုံးရင်း....

"စိတ်ချပါ​ဖေ​ဖေ...ကျွန်​တော်တို့မိသားစုထဲက​ရော ဖေ​ဖေ့ရင်ခွင်ထဲက​နေ​ရော..ဘယ်သူမှထွက်မသွား​တော့ပါဘူး..."

××××××××××××××××××××××××××

ဆေးရုံထဲတွင် လိုအပ်သည့် ဆေးပစ္စည်း​တွေ ပြေး​ပြေးဝယ်​နေရသည်က ကောင်းခန့်နိုင်နှင့်​ကျော်သူရ...။
ကျော်သူရလည်း သူ့ဂျူတီချိန်မဟုတ်သည့်အတွက်...ဘေးက​နေသာ ဂရုစိုက်​ပေးရသည်...။

"အစ်ကို...အစ်ကို...အစ်ကို..."

ဘေးက​နေ မနားတမ်း​ခေါ်​နေသည့် ကောင်းခန့်နိုင်​ကြောင့် ကျော်သူရ လမ်း​လျှောက်​နေတာကို ရပ်လိုက်ပြီး...

"ဘာလဲ ကောင်းရယ်...မင်းကလည်း လူတစ်​ယောက်လုံး​​ရှေ့မှာရှိ​နေတာ​တောင် ဘာလို့​ခေါ်​နေတာလဲ... "

"ဟာ...မတူဘူးဗျ...ဘယ်အချိန်မှာ ဘာဖြစ်မလဲဆိုတာ ပြောမရဘူး...အခုပဲကြည့် ကစ်နဲ့ထက်​ကောင်းယံနဲ့​ဝေးပြီ..အစ်ကိုဟန်ဇင်ခနဲ့မ​သော်တာ..အဲ..ဟုတ်ပါဘူး..ကိုဘုန်း​နေ​သော်...ပြီး​တော့ အစ်ကိုလတ်နဲ့မမခြယ်က​ရော ဘယ်လိုလာဦးမလဲမသိ..."

⚠BECAUSE...⁉   {U+Z} (Completed)Onde histórias criam vida. Descubra agora