U&Z
မနက်စောစောစီးစီး ထကြွမှုမှာသူမလန်းခြေ။ နေ့ကစစ်သူကြီး ဇိုဒီ၏ပုံရိပ်သည် သူ့နှလုံးသားကို အတော်လေးနာကျင်စေသည်။ သို့သော်ငြား ချစ်ခြင်း မြတ်နိုးခြင်း ကိုတော့ရှာမတွေ့ခဲ့ နာကျင်ခြင်းတွေသာ တစ်သီတစ်သန်းကြီးခံစားရလေသည်။
"Why? Why? ဘာ့ကြောင့်ငါမှလည်း အရင်ဘဝကဘယ်ကောင်မလေးမှ အသဲမခွဲခဲ့ပါပဲ ဘာလို့ငါလဲ လောကကြီးက မတရားဘူး အားးးး!"
သူအားကုန်သုံး၍ အော်ဟစ်လိုက်လေသည်။ စိတ်တိုလိုက်တာဆိုတာ ချီးထဲမှ...။ အသဲကွဲဝေဒနာခံစားနေရတဲ့အတိုင်း နာကျင်လိုက်တာ စုတ်ပြတ်သတ်တော့မလိုပဲ။ ဖင်နီတာထွက်အောင်သူဘယ်လောက်အော်ပါစေ အပြင်ကအထိန်းတော်တွေသာ ပြာယာခပ်နေမယ် သူမပိုင်တဲ့နှလုံးသားကြီးက သွေးစိမ်းရှင်ရှင်ထွက်မြဲ။
"မယ်မယ်ဘုရား စိတ်ထိန်းတော်မူပါမယ်မယ်ဘုရား စိတ်လွတ်သွားလို့မဖြစ်ပါဘူးဘုရား စစ်သူကြီးဇိုဒီက မယ်မယ်ဘုရားရဲ့ အချစ်ဦးဆိုတာသိပေမဲ့ အဲ့လောက်မစွဲလမ်းပါနဲ့ဘုရား"
ကိုယ်ပါကို စိတ်ညစ်ရရင်တုန်းအထိန်းတော်ကြီးပြောမှပဲ သွေးပါတတ်တော့သည်။ ထိုစကားတွေကြားရသည်မှာ သူ့ရင်ထဲလှံတစ်ချောင်းဝင်စိုက်နေသလို နာလှသည်မို့ ခြေထောက်အောက်က လုံးနေတဲ့ စောင်ထူထူတွေကို စိတ်တိုစွာဆောင့်ကန်လိုက်လေသည်။ သို့သော် ဒေါသကပြေမသွား နာတာလည်းလျော့မသွားခြေ။
"နေပါဦး အထိန်းတော်ကြီးသိရဲ့သားနဲ့ စစ်သူကြီးဇိုဒီအကြောင်း ဘာလို့ဒီကမိဖုရားကြီးကို မတင်လျှောက်ရတာလည်း"
"မယမယ်ဘုရားကမေ့နေပြီလေ ဘာလို့မကောင်းတဲ့အတိတ် အစဖော်ဦးမလဲ ကျွန်တော်မျိုးမက တစ်သက်လုံးမေ့စေခြင်တာ အခုကမင်းကြီးသိသွားရင်လည်း မယ်မယ်ဖုရားပဲ ခေါင်းဖြတ်ခံရမှာ မကောင်းဘူးလေ စစ်သူကြီးနဲ့မိဖုရားရဲ့ ပက်သက်မှုကဘယ်အရာမှ မကောင်းဘူး ဒါကြောင့် ကျွန်တော်မျိုးမနှုတ်ဆိတ်ခဲ့တာပါ"
"ထားပါလေ ဒါနဲ့စစ်သူကြီးက အခုမှဘယ်လိုဖြစ်ပြီး ငါ့အနားပြန်ရောက်လာတာလည်း စစ်ထွက်နေလို့လား"
ESTÁS LEYENDO
မိဖုရားခြောက် (Queen is gay)
Ficción históricaအထင်မလွဲကြပါနဲ့ ကျွန်တော်က တဏှာကြီးတတ်တဲ့သူ မဟုတ်ရပါဘူး နုလုံးသားနုနုလေးနဲ့ တကယ့်ကို စာနာတတ်သူလေးပါ..။ ပုံ ဂျိုဆွန်းခေါတ်ရောက်ရှိသွားသော အချောလေးကင်နန်းဂျွန် namkook