Part 1

2.4K 220 31
                                    

နွေဦး​၏ခပ်အေးအေး မနက်ခင်းတစ်ခု။
နွေဦးရောက်နေပေမယ့် ဆောင်းအငွေ့အသက်လေးတွေကျန်နေသေးတာကြောင့်
နေရောင်မထွက်သေးတဲ့မနက်ခင်း ၅ နာရီအချိန်က
စိမ့်စိမ့်လေးနဲ့အေးနေသည်။
အုန်းခင်းကိုဖြတ်၍တိုက်လာသော
ပင်လယ်လေက
အေးနေတာကြောင့်လည်းဖြစ်နိူင်မည်။
မနက်ခင်း ငှက်လိုက်ပစ်နေသော ရွာအတွင်းက
လူငယ်တစ်စုမှာ ဘယ်လောက်ပြေးပြေး
ချွေးသိပ်မထွက်။လက်ထဲမှာ လေးခွတစ်ခုစီနှင့်
ကိုယ်စီလွယ်ထားကြသော
အိတ်သေးသေးလေးတွေထဲ
ခဲလုံးတွေအပြည့်ထည့်ထားကြသည်။

" Chanyeol .... .ဟိုမှာ ဟိုသစ်ပင်ကိုင်းပေါ်မှာ "


junghyun လို့ခေါ်တဲ့သူငယ်ချင်းက
မျက်နှာချင်းဆိုင်တွင်ရှိနေတဲ့ အိမ်ညိုကြီးရှေ့က
သစ်ပင်ကိုင်းတွင်နားနေသော ဂျိုးငှက်ကို
လက်ညိုးထိုးပြသည်။

" ရှူး ... "

chanyeol အရှေ့ကိုဖြည်းဖြည်းချင်းတိုးကာ
လက်ထဲက လေးခွကိုထိုငှက်ဆီသို့
ချိန်ရွယ်လိုက်သည်။

​" ဟေ့ကောင်ပစ်မလို့လား
ရွာလူကြီး အိမ်ကိုထိမယ်နော် "

သစ်ပင်နောက်ကအိမ်အညိုရောင်ကြီးက
သူတို့ရွာ​၏ ရွာအကြီးအကဲအိမ်ဖြစ်သည်။
စည်းကမ်းကြီးလွန်းတဲ့အဘကြီးက
အပြစ်ပေးတဲ့နေရာမှာလဲ ဆရာကြီးမို့
ရွာကလူငယ်တွေအကုန်
တော်တော်ကြောက်ကြသည်။
ရွာလူကြီးအိမ်ကိုသာ မနက်စောစောခဲနဲ့ထုမိရင်တော့
အနည်းဆုံး သူတို့တောင်ပေါ်တတ်ပြီး
ပေါင်းနှုတ်ရလိမ့်မယ်

" Chanyeol "

အနောက်ကသူငယ်ချင်းတွေ သတိလှမ်းပေးသော်လည်း chanyeol မှာလေးခွကိုမချ။
မျက်လုံးတွေကို ငှက်ဆီမှာသာအာရုံစိုက်ထားသည်။

" ရတယ် ဘာမှမဖြစ်ဘူးကြည့်နေ "

တည်နေရာကို သေချာချိန်ရွယ်ပြီး
လက်ကိုငြိမ်အောင်ထားသည်။
လေးခွကြိုးကိုအနောက်ကိုပိုပြင်းပြင်းဆွဲယူပြီး
ပစ်မယ်ပြင်လိုက်သည့်စက္ကန့်ပိုင်းမှာတင်

ဝူး ခနဲ .. မောင်းချလာသောကားသံကြီးကြောင့် ပတ်ဝန်းကျင်က တိတ်ဆိတ်မှုတွေပြိုကွဲသွားသည်။
chanyeol လက်များပင်ချိခနဲတုန်ယင်သွားရ​၏။

Spring ,Sea and The MemoryWhere stories live. Discover now