Part 3 (Final)

3.6K 431 40
                                    

Unicode

သူဆွဲထားခဲ့တဲ့ plan က ရိုးရှင်းပါတယ်။
ထွက်သွားဖို့။

ဒီနေရာနဲ့သူ့ကိုဆက်ပြီးချည်နှောင်ထားနိုင်မယ့် အရာတွေအားလုံးကိုအပြီးရှင်းခဲ့မယ်။
အိမ်ကြီးကိုကော၊ အထဲမှာရှိသမျှ ပစ္စည်းတွေကိုကော အကုန်ရောင်းပစ်မယ်။
ပြီးရင် သူ့ကိုကော သူ့ရဲ့အတိတ်ကိုပါ ဘယ်သူမှမသိတဲ့ ပြင်သစ်ရဲ့ တောင်ပိုင်းကျကျမြို့လေးတစ်မြို့မှာ သွားလို့အခြေချမယ်။

အားလုံးအဆင်ပြေနေတာပဲ။
ချန်မထားချင်ခဲ့တဲ့ အရာလေးတစ်ခုကို မတွေ့ခင်အထိပေါ့။
အင်း....လူတစ်ယောက်ဆို ပိုမှန်မယ်။

မသေသပ်ဘူး၊ မဆီလျော်ဘူး။
ရုပ်ရှင်ဆန်လွန်းတယ်။
ယောင်္ကျားတစ်ယောက်အတွက်နဲ့ plan တစ်ခုလုံးကို ဘေးချိတ်ပလိုက်တာလေ။

ဒီယောင်္ကျားဟာ လူကောင်းတစ်ယောက်ဖြစ်မနေခဲ့ပါလျှင် သူပစ်ချထားခဲ့နိုင်ဦးမယ်။
ဒီကောင်းနေတာတွေအကုန်လုံးဟာ တကယ် အစစ်အမှန်မဟုတ်ပဲ ဟန်ဆောင်ကောင်းပြနေခဲ့တာဆိုရင် သူနောက်လှည့်မကြည့်တမ်း ထွက်သွားနိုင်ခဲ့ဦးမယ်။
ဒီမျှော်လင့်ချက်လေးနဲ့ သူ့နောက်ကြောင်းတွေကိုရှာကြည့်ခဲ့တယ်။

ဘာမှမရှိပါဘူး။
ဒီလူသားရဲ့နောက်ကြောင်းမှာ သိပ်ချစ်ကြတဲ့ မိဘတွေရယ်၊ ခြေထောက်ပုတိုလေးနဲ့ကြောင်လေးတစ်ကောင်ရယ်၊ တရားမျှတမှုအတွက် ရဲရဲဝင့်ဝင့်တိုက်ပွဲဝင်ခဲ့တဲ့ မှတ်တမ်းတွေပဲရှိတယ်။

ဒါကြောင့် ဒီတစ်ခေါက်တော့ ရူးကြည့်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒီလူသားရဲ့ အလင်းရောင်အောက်မှာနေရင် ဒီအမှိုက်ပုံလိုမြို့ကြီးတောင် နေပျော်လာလေမလား။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'တကယ်ပဲ ဒီမှာရှိနေလို့မဖြစ်ဖူးလေ'

ခခယယတောင်းပန်မိတယ်။
ဘုရား သိကြားကယ်ပါ၊ သူဒီလောက်ထိ ခွန်အားမရှိဘူး။

သူ့အိမ်ရှေ့ လှေကားထစ်လေးမှာ ရောက်နေတာက Wang Yibo။
မိုးရေတွေက ဆံပင်တွေကတဆင့် မျက်လုံးတွေထဲ စီးကျလို့နေတယ်။
ဟိုအရင်တွေ့ခဲ့ဖူးတဲ့ ပုံတွေနဲ့မတူပဲ တကယ်ကို သေးသေးကွေးကွေးလေးဖြစ်နေတာ၊ စောင်ထူထူလေးနဲ့ပတ်ပေးပြီး အိပ်ယာထဲထည့်သိပ်လို့ အနာတရတွေပေးနေတဲ့ ကမ္ဘာကြီးတစ်ခုလုံးကလူတွေကို သူ့အစားရန်ဖြစ်ပေးပလိုက်ချင်တာပဲ။

Someone, Custom, To Give Your Darkness To (Translation)Where stories live. Discover now