အပိုင်း (၂၄)

1.7K 189 0
                                    

အပိုင်း (၂၄)

အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟွားကျူ့ယွီတစ်ယောက်ကတော့ စိတ်ပျက်လို့သာနေခဲ့တယ်။ သူမ ခြေလှမ်းတွေကိုရပ်ပြီး သူမကို ကြောက်ကြောက်လန့်လန့်စိုက်ကြည့်နေကြတဲ့ အစေခံမလေးတွေကို လှည့်ကြည့်လိုက်တယ်။ သူတို့အားလုံးရဲ့အကြည့်တွေထဲမှာ “မင်းတော့ သွားပြီ”ဆိုတဲ့ တူညီတဲ့စာသားတစ်ခု ပါဝင်နေပုံပဲ။

ကိုယ်လုပ်တော်နဲ့အတူရှိနေတဲ့ရှောင်ယင့်ကို ဘယ်အရာကများ ဒီလောက်ထိဒေါသထွက်သွားစေတာမှန်း ဟွားကျူ့ယွီ မသိတော့တာအမှန်ပင်။ သူမ လျှောက်လှမ်းသွားရင်း ရှောင်ယင်တစ်ယောက် သူမက စစ်ချင်းဆိုတာကို မေ့လျော့သွားပြီး သူမကိုခက်ခဲအောင်မလုပ်ဖို့ကိုပဲ မျှော်လင့်နေမိ၏။ 

“မင်းက ဒီနေ့တာဝန်ကျတဲ့စစ်ချင်းလား?” အိပ်ရာပေါ်မှ ရှောင်ယင်၏အသံထွက်ပေါ်လာ၏။ သူ့ရဲ့အသံထဲမှာ ယခင်ကရှိနေခဲ့တဲ့ ပျော်ရွှင်မှုအငွေ့သက်လေးတစ်စက်မှ ရှိမနေတော့ဘူး။

“ဟုတ်ပါတယ်အရှင်!” ဟွားကျူ့ယွီ အသံတိုးတိုးလေးနဲ့ ဖြေဆိုလိုက်ပြီး သူမရဲ့အသံကို သူ မမှတ်မိနေစေဖို့ ဆုတောင်းနေမိ၏။

“သူ့ကိုဆွဲထုတ်ပြီး အချက်၂၀ရိုက်ကြ!” ရှောင်ယင် တိုးလျစွာပြောလာခဲ့တယ်။ သူ့ရဲ့အသံက တိုးလျနေရင်တောင်မှ အိမ်တော်တစ်ခုလုံးက တိတ်ဆိတ်နေတာမို့ အသံက အရမ်းကိုကြည်လင်ပြတ်သားနေတယ်။

အစေခံတစ်သိုက် လျှောက်လှမ်းလာကြပြီး ဟွားကျူ့ယွီကို ဆွဲခေါ်ဖို့လုပ်ကြလေသည်။

“စောင့်ပါဦး!” ရုတ်တရက် ဟွားကျူ့ယွီ မျက်ဝန်းတစ်စုံကိုပင့်မပြီး အေးစက်စွာဆိုလိုက်တယ်။

အခန်းအတွင်းမှဖယောင်းတိုင်လေးတွေဟာ မီးခိုးမျှင်တန်းလေးတွေနဲ့ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေကြ၏။ ခန်းဆီးလိုက်ကာအတွင်းမှပုံရိပ်လေးဟာ လေးတိလေးကန်ဖြစ်လို့နေသည်။ လက်ရှိမှာတော့ ကျောက်စိမ်းသားလို လှပတဲ့လက်မောင်းတစ်ဖက်က သူ့ရဲ့လည်ပင်းမှာ ရစ်ပတ်ခွေလို့နေ၏။

“အရှင့်သားက ဒီလိုအပြစ်မျိုးပေးရလောက်တဲ့အထိ ကျွန်တော်မျိုးမ ဘာအမှားလုပ်ခဲ့မိလဲ မသိပါဘူး” အချက်၂၀ဆိုတဲ့ပြစ်ဒဏ်က လျော့ပေါ့တဲ့ပြစ်ဒဏ်တော့မဟုတ်ဘူး။ လက်ရှိမှာ သူမ၏ခန္ဓာကိုယ်ကိုကာကွယ်ဖို့ အတွင်းအားမရှိသေးတာမို့ ဒီလိုပြစ်ဒဏ်ကို ခံနိုင်ရည်မရှိနိုင်လောက်ဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးNơi câu chuyện tồn tại. Hãy khám phá bây giờ