ဒီလိုအချိန်ဆို ဘယ်နှလပိုင်းရောက်နေပြီဆိုတာ ဘယ်သူမှ လာသတိပေးစရာမလိုအောင် အဲ့ဒီ့အရွက်တွေကြွေတတ်ပါတယ်။
မကြာခင်ရောက်လာမယ့် နွေဦးမှာ အသစ်ပြန်လည်ပွင့်ဝလာနိုင်ဖို့ ရွက်ဟောင်းတွေဟာ နေရာဖယ်ပေးရတာပေါ့။
ဆောင်းဦးရဲ့ မြူမှုံပျပျ မနက်ခင်းမှာ လူတွေက ပုံမှန်လှုပ်ရှားသွားလာနေတယ်။ ပြေးလွှားနေတဲ့ကျောင်းသားငယ်လေးတွေဟာ ရယ်မောရင်း....။
သူလား၊ သူကတော့ ဒီဘက်လမ်းကနေ ပျော်ရွှင်မှုနဲ့ မသက်ဆိုင်သူတစ်ယောက်လို အရာအားလုံးကို ငေးမောနေပါတယ်။
သူ့ရဲ့လက်တစ်ဖက်က စက်ဘီးကို ကိုင်ထားတယ်။ ဒီနေရာကို သူဘာလို့ ထွက်လာခဲ့မိလဲ သူမသိတော့ဘူး။ သူသိတာဆိုလို့ ဒီလွတ်လပ်ချိန်ခဏလေးပြီးရင် သူ့နဂိုဘဝဆီ ပြန်သွားရမယ်။
တစ်ခါတုန်းက အတူထွက်ဆော့ဖူးတဲ့ ဘတ်စကတ်ဘောဒိတ်လေးနဲ့ တစ်ဖက်လူရဲ့ ချစ်စဖွယ်လေသံနဲ့ ကိုကို လို့ ခေါ်သံတွေ နားထဲမှာ ကြားယောင်လာမိတော့ သူ့ရဲ့နှုတ်ခမ်းထောင့်လေးများ တွန့်ချိုးသွားလေရဲ့။
အဲ့ဒီ့နေ့တုန်းကဆို ထွက်လာကတည်းက နေဝင်တော့မှာ။ ဒီနေ့ရာသီဥတုနဲ့ကပြောင်းပြန်ပဲ။ ငါးပုံစံဖြစ်နေတဲ့ တိမ်စိုင်တွေကို တစ်ဖက်လူက ဓာတ်ပုံရိုက်နေတာကိုတော့ သူကြည့်ကောင်းကောင်းနဲ့ ကြည့်နေခဲ့သေးတယ်။
ဂီတနဲ့ပတ်သက်လာရင် သူ့ကို သိပ်သတ္တိရှိတယ်လို့ လူတွေက ချီးမွမ်းကြပေမဲ့ သူဘယ်လောက်သတ္တိကြောင်သလဲ သူသာအသိဆုံးပါပဲ။
အရေးကြီးဆုံးအချိန်မှာ သူဟာ တစ်ဖက်လူမသိအောင် အရာအားလုံးကို လုပ်ပစ်ခဲ့တယ်။
ဘဝနဲ့ယှဉ်တဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုလုံး ချမှတ်အပြီးမှာ ဆတ်ဆတ်တုန်နေတဲ့နှလုံးသားက အလန့်တကြား ဖွင့်ဟဝန်ခံဖြစ်သွားမှာကိုလား။ ပခုံးသေးသေးလေးပေါ်မျက်နှာအပ်ပြီး အရာအားလုံး ပွင့်အံထွက်သွားမှာ သူတော်တော်စိုးထိတ်ခဲ့မိတာပဲ။
ကောက်ရိုးတစ်မျှင်လိုမျိုး ဖမ်းဆွဲဆုပ်လိုက်မှာက တစ်ဖက်လူရဲ့ Careerဖြစ်နေတဲ့အချိန်မှာ သူဟာ ဘာတွေကို ထပ်ပြီး တွယ်တာရဲတော့မလဲ၊ သူ့ကိုအပြစ်တင်နေသူတွေရယ်... ပြောပြကြပါဦး။
YOU ARE READING
ကြယ်တွေလို (Taoris)
FanfictionPairing: Kris Wu x Huang Zitao ( Without mentioning their names ) Fbမှာတင်ဖူးတဲ့စာတစ်ပုဒ်ကို နည်းနည်းလေး အပိုထပ်ဖြည့်ထားရုံပါပဲ။