Part-1

205 5 5
                                    

ဒီနေ့ တာရာ အရမ်းကိုပျော်နေခဲ့တယ်။ သူမရဲ့ idol စာရေးသူ တစ်ဦးကို လိုင်းပေါ်မှာသွားနှုတ်ဆက်တာ ပြန်ပြီးတော့ နှုတ်ဆက်ခဲ့တာကြောင့်လေ။ဒီကိစ္စက အခြားသူတွေအတွက်ပုံမှန်ဆိုပေမဲ့ သူမအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ရလိုက်သလိုပါဘဲ။ ပြီးတော့လည်း 'ဘယ်တော့စကားလာပြောမလည်း မျှော်နေခဲ့တာပါ' တဲ့ ။ အဲ့စကားလေးနဲ့တင် သူမရဲ့နှလုံးသားကြီး တစ်ခုလုံးဝုန်းဒိုင်းကျဲသွားပြီး မျက်နှာဟာဆိုရင်လည်းပြုံးဖြီးနေပြီး တွေ့ကရာလူတွေကိုလိုက်ပြုံးပြနေလို့ ကြီးကြီးရဲ့အပြောကိုတောင်ခံလိုက်ရပါသေးတယ် ။ "ဒီကောင်မလေးဟာလေ တစ်နေ့လုံးမျက်နှာပိုးကို မသေဘူး ဘာဖြစ်နေတာပါလိမ့်"တဲ့။

ဟုတ်ပါတယ်။လွန်ခဲ့တဲ့ တစ်လ ကတည်းကနဲ့ တာရာက သူ့ရဲ့'ရင်ခွင်ရိပ်' ဆိုတဲ့ ဝတ္ထုကို ဖတ်ပြီးချင်း အဲ့ဒီဝတ္ထုကို အရမ်းသဘောကျသွားလို့ စာရေးသူရဲ့ acc ကို နေ့ည မနားရှာပြီး သွား add ထားတာပါ။ ပြီးတော့ သူ့ဘက်ကလည်း တစ်ပတ်အတွင်း လက်ခံခဲ့ပါတယ်။တာရာကသာ ကိုယ့်ရဲ့ idolဆိုတဲ့အသိနဲ့ နည်းနည်းရှိန်တာရောကြောင့် မို့လို့သာ ချက်ချင်း စကားသွားမပြောရဲခဲ့တာ။ ဒီနေ့ကတော့ အရဲစွန့်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး သွားနှုတ်ဆက်တော့တာဘဲ။
သူက ထင်ထားတာထက်ကိုပိုပြီးသဘောကောင်းပါတယ်။ လူကို မမြင်ရပေမဲ့
သူ့ရဲ့လေးအပြောတွေနဲ့တင် သူ့စိတ်သဘောထား ဘယ်လိုရှိသလဲဆိုတာ သိခဲ့ရတယ်။

ပြီးတော့ ဟိုလောင်ဖော်လောင်ဖက်တွေကိုလည်း သွားကြွားဖို့စိတ်ထဲတေးထားလေရဲ့။

သူမတို့ အုပ်စုတွင် သူမကလွဲ၍ကျန်လူများကစာဂျပိုးများမဟုတ်ကြပါ။ သူမတို့ squidတွင် k-popper၊ k-drama fan အများဆုံးဖြစ်သည်။ သို့သော် main point မှာကား fujoshiမမ များသာဖြစ်ကြသည်။ ရိုင်ကန်သော်ပိနီနှင့်အမျိုးစပ်ကျထားကြပြီး ထွက်သမျှ bl ကားတိုင်းအလွတ်မခံကြ။ စာတော့မဖတ်ကြပေ။ သို့ပေမဲ့ သူမ၏ကောင်းမှုကြောင့် စာဖတ်ကြရုံသာမက ongoingကိုပါစောင့်မျှော်နေတတ်ကြသူများဖြစ်လာတော့သည်။

လွန်ခဲ့သည့် လကတည်းက သူမထို'ချစ်သစ္စာ' ဟူသည့် ဝတ္ထုလေးကို စဖတ်သည့် အချိန်မှစ၍ ထိုစာရေးသူ၏ အရေးအသားကိုမြတ်နိုးခဲ့ရသည်။ အရေးအသားမှာ နူးညံ့ ၏။ သိမ်မွေ့၏။ ချိုအီနေပြီး စိတ်ကူးယဉ်ဖွယ် ကောင်းလွန်းလှသောကြောင့် ထိုစာပေခေါ်ဆောင်ရာ စိတ်ကူးယဉ်ကမ္ဘာထဲသို့လည်းဖတ်နေရင်း အခါခါပင်ရောက်သည်။

ညောင်ရမ်းခေတ်ကဝန်ကြီးပဒေသရာဇာက ပြောသည် 'စာနုကို မချစ်နှင့်'တဲ့။ သို့သော် သူမက ထိုနူးညံ့သော စာအရေးအသားကို ချစ်နေမိသည်လေ။ ထိုစာကို ရေးသည့်သူကို
ချစ်နေမိပြီဟု ဆိုရလျှင်ကား ပို၍ပင်မှန်လိမ့်မည်............။

YarYar
17.7.2021(sat)

ရင်ခွင်ရိပ်Where stories live. Discover now