ဘုန်းနေသော် ကုတင်ပေါ်ကနေ အားယူထလိုက်ပြီး...ဘေးစားပွဲပေါ်မှ ရေကိုယူသောက်လိုက်သည်....။
"ဟူး...ရင်ထဲကိုပူနေတာပဲ...ဘာဖြစ်တာပါလိမ့်..."
ရေတွေလှိမ့်သောက်နေတုန်း...လရောင်ခြယ် ပြေးဝင်လာကာ...
"ဟန်..ဇင် ခ..ကား..ကားတိုက်ခံရလို့!!"
"ခွမ်..!!!"
ကျကွဲ ကြေမွသွားသည့် ဖန်ခွက်လေးအတိုင်း...ဘုန်းနေသော်လည်း ဆောက်တည်ရာမရ ဖြစ်သွားသည်...။
"ဘယ်မှာလဲ..သူအခုဘယ်မှာလဲ...ဘာဖြစ်သွားသေးလဲ..!!"
"အခု..ခွဲစိတ်ခန်းထဲမှာ..အခြေအနေမသိရသေးဘူး..."
ကုတင်ပေါ်မှ အတင်းဆင်းဖို့လုပ်နေသည့် ဘုန်းနေသော်အား...လရောင်ခြယ် ပြေးကူလိုက်ပြီး...
"နင်လမ်းလျှောက်လို့ မရသေးဘူးလေ..."
"ငါ့ကို သူ့ဆီလိုက်ပို့ပေးပါ...နော်.."
ဘုန်းနေသော်အား ဝှီးချဲဖြင့် လရောင်ခြယ် ခေါ်လာလိုက်သည်....။
အရေးပေါ်အခန်းရှေ့မှာတော့...ပူဆွေးနေကြသည့် သူတွေရှိနေ၏....။
ကောင်းခန့်နိုင်လည်း နေမင်းခကို ဝှီးချဲဖြင့် ခေါ်လာသည်....။
မိနစ်ပိုင်းလောက်ကြာတော့ အရေးပေါ်ခန်းထဲမှ ဆရာဝန်တစ်ယောက်ထွက်လာကာ...."လူနာ အရေးပေါ်သွေးလိုနေတယ်...မိသားစုထဲက သွေးအမျိုးအစားတူတဲ့သူ ဒီနေရာမှာရှိနေလား..."
ဦးသူရိန်ခ စွန့်အသွားသည်...။မိသားစုထဲမှာ..ဟန်ဇင်ခနှင့်သွေးအမျိုးတူသည့်လူ မရှိပါ...။
နေမင်းခလည်း စိတ်ပူစွာဖြင့်..."ဒေါက်တာ...လူနာနဲ့သွေးအမျိုးအစားတူတဲ့သူက ဒီမှာမရှိလို့ပါ...ကျွန်တော်တို့ သွေးအလှူရှင် အမြန်ဆုံး ရှာနိုင်မလား..."
ဆရာဝန်က ခေါင်းရမ်းလိုက်ပြီး...
"လူနာက အေဘီသွေး..ဒီသွေးအတွက် အလှူရှင်ရှာနေဖို့ အချိန်မရှိဘူး...မိသားစုကို အမြန်ဆုံးဆက်သွယ်လိုက်ပါ..."
အကုန်လုံးနှုတ်ဆိတ်နေချိန်...ဒေါ်နန်းမာလာက...
"ကျွန်မ အေဘီသွေးပါဒေါက်တာ...."
KAMU SEDANG MEMBACA
⚠BECAUSE...⁉ {U+Z} (Completed)
Romansaဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............