Teenage Love (unicode)

39 3 0
                                    

တိတ်ဆိတ်နေသည့်ညသန်းခေါင်ယံတွင်
နာရီလက်တံ၏တရွေ့ရွေ့သွားနေသံမှာကျယ်လောင်နေသလို
ဘတ်ဟျွန်း၏အတွေးများလည်းကျယ်ပြန့်နေသည်

အသက် ၂၀ နှင့်
စိတ်ကုန်စရာကောင်းသောအချစ်ရေး
အချစ်အတွက်အများကြီးမျှော်လင့်လို့ရသေးသောအရွယ်ဖြစ်သော်လည်း အချစ်ရေးနှင့်ပတ်သတ်သော ဘတ်ဟျွန်း၏အတိတ်ကအများကြီးပျော်ခဲ့ရပြီးယခုတွင်ပျောက်သုန်းသွားသောကြောင့် မမျှော်လင့်ချင်တော့

နာရီကြည့်လိုက်တော့ မနက် ၃ နာရီ
ဘတ်ဟျွန်းတစ်စက်မှအိပ်မပျော်
မနက်ထဲကတစ်ရက်လုံးဘာမှမဖြစ်သလိုနေလာနိုင်သော်လည်း
ညဘက်ရောက်ပြီဆိုလျှင် လွမ်းဆွတ်တမ်းတမှုများကအလုံးလိုက်နေရာယူလာသည်

ဒီလိုမျိုးသူစိမ်းတစ်ယောက်ကိုလွမ်းဆွတ်မှုကြောင့်ညဘက်အိပ်မပျော်သောဒုက္ခကိုခံစားလာခဲ့သည်မှာ တစ်နှစ်နီးပါးပင်ရှိတော့မည်

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ဒီ~ဒီ~ဒီ~(phone vibration)

"အွင်းးးဟယ်လို"

"ဟယ်လို ဟေ့ကောင် အိပ်နေတုန်းလား"
ဘတ်ဟျွန်းအိပ်ချင်မူးတူးဖြင့်မျက်လုံးပင်မဖွင့်ဘဲဖုန်းကိုင်လိုက်တော့ တစ်ဖက်ကသူငယ်ချင်းဖြစ်သူ ဆယ်ဟွန်း ကဘတ်ဟျွန်းအိပ်နေမှန်းချက်ချင်းရိပ်မိသည်

မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားသောဘတ်ဟျွန်း
အတွက်အဖေနဲ့အမေတရုတ်သို့အလုပ်ကိစ္စဖြင့်ခရီးထွက်ပြီးအိမ်မှာသူတစ်ယောက်တည်းကြိုက်သလောက်အိပ်နေနိုင်ခြင်းသည်ကြီးမားသောကံကောင်းခြင်းတစ်ခုလိုပင်

"ရားးးးးးးးးးးးးးဘတ်ဟျွန်းးးးးးးးး"
ဆယ်ဟွန်း၏ဖုန်းထဲမှအော်သံကြောင့်
ဖုန်းကြီးဖွင့်လျက်ပြန်အိပ်ပျော်နေသောဘတ်ဟျွန်းလန့်ကာမျက်လုံးတောင်ပြူးသွားသည်

"အေး ဘာလဲ ဘာလဲ"

"မဟုတ်မှ မင်းမေ့နေတာလား"
မေ့နေတာလားဟုမေးသောမေးခွန်းကြောင့်ဦးနှောက်ကိုမြန်မြန်အလုပ်လုပ်လိုက်ရသည်
ထိုခါမှ သတိရလာသောအကြောင်းအရာတစ်ခု
ဆယ်ဟွန်းနှင့်အတူခါအီမွေးနေ့အတွက်လက်ဆောင်ဝယ်ရန် shopping center သို့သွားမည်ဟုလုပ်ထားသောအကြောင်းအရာ

Teenage Love Where stories live. Discover now