Kei - ဘာ..ဘာပြောလိုက်တာလဲ.. oppa အခု ကျွန်မ နားကြားမှားလိုက်တာမလား..ဟုတ်တယ်မလား...
မျက်ဝန်း၌ မျက်ရည်တို့ တွဲလွဲခိုနေသော သူမနှင့် အကြည့်ချင်း မဆိုင်လို၍ ကျွန်တော် မျက်စိများ မှိတ်ထားမိသည်။
Kei- oppa..ကျွန်မကို ကြည့်ပါ... ကျွန်မ ဘာအမှားလုပ်ထားတာ ရှိလို့လဲ... oppa မကြိုက်တာ ဘာလုပ်မိလို့လဲ...
ငိုယိုပြီး ပြောနေသော သူမရှေ့ ဆက်ရပ်နေလျှင် ကျွန်တော့်စိတ်တွေ ယိမ်းယိုင်လာတော့မည်..မဖြစ်ဘူး!! Lee Hongbin!! သတိထားစမ်း!!
Hongbin- ငါ မင်းကို ငြီးငွေ့လာလို့!!! ရှင်းပြီလား!!! ငါ လူရှုပ်ဆိုတာ မင်းလည်း သိပြီးသားပဲ!!!! ဒီအတိုင်း ငါမင်းနဲ့ ဆက်မတွဲချင်ဘူး!!! ဒါကြောင့် ငါ့ကို လွတ်ပေးပါ!!!
ကျွန်တော် သူမရှေ့ကနေ အမြန်ဆုံး ပြေးထွက်လာမိသည်။ ထိုအချိန် မိုးကလည်း သည်းသည်းမည်းမည်း ရွာချလာလေသည်။ ကောင်းတာပေါ့..ကျွန်တော်ငိုနေတာ ဘယ်သူမှ မသိနိုင်တော့ဘူး...
Hongbin- နှုတ်ဆက်ပါတယ် Kim Kei...
♡♡♡♡♡♡♡♡♡
2 years later...
အရမ်း smart ကျပြီး အလွန်ကြည့်ကောင်းသည့် ကောင်လေး တစ်ယောက် air port ကနေ ထွက်လာသည်နှင့် ကောင်မလေးတွေ ဂနာမငြိမ်ဖြစ်ကုန်သည်။
" ချောလိုက်တာ! လုံးဝ ငါ့ style"
" တကယ်ချောတယ်..idol ကျနေတာပဲ"
ကျွန်တော်ကတော့ ထိုစကားတွေကို မကြားချင်ယောင်ဆောင်လိုက်ရင်း ကျွန်တော်ကို လာကြိုမည်ဟု စကားကြီး စကားကျယ် ပြောထားပြီ ပေါ်တော် မူမလာသေးသော ကျေးဇူးရှင်ကိုသာ လိုက်ရှာနေမိသည်။
ဟော! ပြောရင်း ဆိုရင်း ရောက်လာပြီ!
N- Hongbin!!
Hongbin- တော်သေးတယ်..ပေါ်လာသေးလို့!
N- အိမ်က omma ကြီးရဲ့ တရားကို နာနေရလို့ပါ.. အခု ဘယ်ကိုသွားမှာလဲ.. Hotel?
ကျွန်တော် သူ့ကို ခေါင်းခါပြလိုက်သည်။
Hongbin- အိမ်...
♡♡♡♡♡♡♡♡
N- ငါက မင်းဒီအိမ်ကို မလာချင်လောက်ဘူးထင်နေတာ..