ရိပေါ် တစ်ယောက် Jack ပြောတဲ့ လိပ်စာအတိုင်း လိုက်လာခဲ့တယ်~~~တိုက်အောက်က စောင့်နေတဲ့ လူကနေ ရိပေါ်ကို အပေါ်ဆုံး အထပ်ကို ခေါ်သွားသည်~~~
သူ့ရှေ့မှာ ဟန်ပါပါ ခြေချိတ်ထိုင်နေတဲ့သူက တရုတ်_အမေရိကန် ကပြားမှန်း သိသာချက်~~
ခပ်ရေးရေးရှိနေတဲ့ မုတ်ဆိတ်~~ ဖြူဝင်းတဲ့ အသားအရေ~~ ကျော့ရှင်းတဲ့ အနောက်တိုင်းမျက်နှာ~~~
ထိုလူ့ကို ဒီလို တွေ့ရဖို့ သူ အတော် ကြိုးစားခဲ့ရတာပဲ~~~ ထိုလူ ပတ်သက်ချင်နေတဲ့ သူတွေဟာ နတ်ဆိုးမိစ္ဆာတွေမှန်း သိတော့ ဝမ်ချောင်ပင် ရှာမတွေ့နိုင်အောင် အပုန်းကောင်းနေခဲ့သူ~~~
အခုတော့ ထိုလူက သူ့ကို တွေ့ချင်တယ်တဲ့~~~
"ဒါ မင်းတို့ အဖွဲ့က သူလျှိုထင်တယ်~~~"
ဗုန်း!!!!!!!
သူ့ရှေ့ကို ကျလာတဲ့ လူတစ်ယောက်~~
ဒါ~~ ချန်းရှောင်တို့အဖွဲ့က Jack အဖွဲ့ထဲ ထည့်ထားတဲ့ စုံထောက်ပဲ~~"မင်း~~~"
"ဟေ့~~ ဒေါသ ထွက်သင့်တဲ့ အချိန်မဟုတ်သေးဘူး ဝမ်ရိပေါ်~ပြီးတော့ ~"
ထို စုံထောက်ကို သေနတ်နဲ့ ချိန်လိုက်တဲ့ Jack ရဲ့ လူ~~
"မင်းအဖွဲ့တွေကိူ နောက်ဆုတ်ခိုင်းထား ~~ မဟုတ်ရင် ဒီလူ့အသက် အာမခံနိုင်ဘူး~~~"
ရိပေါ် သူ့လူကို စိုက်ကြည့်လိုက်ပြီး~~
"ကောင်းပြီ~~ အဖွဲ့အားလုံး နောက်ဆုတ်ပါ~~ ငါတို့လူရဲ့ အသက်က သူတို့ လက်ထဲမှာ~~"
"Copy that စုံထောက်ရိပေါ်~~~"
ရိပေါ် နားက earphone ကို ဖြုတ်လိုက်ပြီး~~~
"သူ့ကို လွှတ်ပေးလိုက်ပါ~~"
"No~~ သူ့ကို မြေအောက်ခန်းထဲ ပို့ထားလိုက်~~ စိတ်ချပါ ရိပေါ်~~ မင်းလူ မသေပါဘူး~~ ဒါပေမဲ့ နတ်ဆိုးဘုရင် ရောက်လာရင်တော့ ငါ မင်းကို အာမ မခံနိုင်ဘူးပေါ့~~~"
"ဟဟ~~ နေအုန်း~~ ငါ ~~ ဟားဟား~~ ရယ်ချင်လို့~~~"
ဗိုက်နှိပ်ပြီး ရယ်နေတဲ့ ရိပေါ်ကြောင့် သေနတ်ကိုင်ထားသူတွေသာမက Jack ပါ ကြောင်ကြည့်နေမိသည်~~