Behind the power circle pt2🚨🚨(final)

932 36 0
                                    

may contains smut🌚
Sorry for typical error

Mingyu's pov

တာဝန်ခံဒါရိုက်တာရဲ့ ကျေးဇူးတော​ကြောင့် ကျွန်တော် နဲ့ ဟျောင်း ရိုက်ကွင်းကိုဘာလိုလိုရောက်လာပြန်ပြီ...ကျွန်တော်ကတော့ အချိန်ကောင်းကိုလာဖျက်တာကြောင့် စိတ်ညစ်နေပေမဲ ဟျောင်းကိုကြည့်တာ တက်ကြွနေတဲ့က​လေး​လေးလိုပင် အချိန်ကြာမှကျွန်တော်နှစ်ယောက် official ဓာတ်ပုံပြန်ရိုက်ရတာမို့လို့ထင်သည် မနေ့ညကတော့ ကျွန်တော့်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြောတယ်​လေ ဟျောင်းမျက်နှာလေးကိုကြည့်ပြီးစိတ်ညစ်တာတောင်ဘယ်ရောက်သွားမှန်းမသိ ကျွန်တော့်မျက်နှာမှာအပြုံးပြန်ဖြစ်ထွန်းလာတော့သည်

"* ဒုတ် * ဟေ့ ကောင် မတ်တပ်ကြီးမေ့နေနဲ့ မင်း wonwoo ကိုတချိန်ကြည့်လဲမလုံလောက်နိုင်ဘူး အရူးလိုပဲပြုံးနေတယ် "

" အမယ်လေး ဘုရား ငါနဲ့ jeon wonwoo နဲ့ညား "

ကိုယ့်ဟာကိုယ် hyung ကိုငမ်းနေတဲ့အချိန် ဘယ်ကရောက်လာမှန်းမသိတဲ့ file တွဲကြီးနဲ့ကိုယ်ံခေါင်းရိုက်လိုက်သောကြောင့် လန့်ပြီးယောင်မိခြင်းသာ ကိုယ်အဲ့လိုယောင်လိုက်မိသောကြောင့် manager nim ရဲ့မျက်စောင်းကဒိုင်းကနဲ ဒီမန်နေဂျာက ဘယ်ကတည်းက ရှောင်လင်အဝေးပြေးသိုင်းသင်ထားလဲမသိ သရဲလိုဘေးနားကရောက်ရောက်လာပြီး အချိန်ကောင်းကိုလာလာဖျက်တတ်သည် တော်သေးတာပေါ့ ကိုယ့်ယောင်သံကတိုးတိုးလေးမို့ wonwoo hyung မကြားလိုက်လို့ နောက်ဆိုကိုယ်တော်ရဲ့မျက်စောင်းနဲ့လဲပစ်ခံရအုန်းပေမည်

" hyung ဘာလဲဗျာ လန့်သွားတာပဲ ဟူး.... "

" မင်းကိုကခေါ်မကြားအော်မကြားနဲ့ ငါခေါ်နေတာအခွန်းတရာမကတော့ဘူး အမြုပ်​တောင်ထ​နေပြီ ဒီမှာကြည့်ရေဘူး​တွေတွေ့လား "

အယ်ဟုတ်ပါရဲ့ ရေသန့်ဘူးတွေ ကုန်တောင်ကုန်နေပြီ

" ဟီးဟုတ်ပါရဲ့ ကျွန်​တော်နည်းနည်းspace out ဖြစ်သွားတာ ဘာကိစ္စလဲ hyung ကျွန်တော့်ကိုခေါ်တာ "

ကျွန်တော်ဂုတ်ကိုပွတ်ပြီးမျက်နှာသွေးချိုကာမေးလိုက်မိသည် မန်နေဂျာကတော့မနိုင်ဘူးဆိုတဲ့သ​ဘောဖြင့်​ခေါင်းကိုခါကာ

❤Meanie Myanmar Short Stories❤Donde viven las historias. Descúbrelo ahora